"
ချွေးပေါက်ကျဥ်း Primer ခရင်မ် (အဆီပြန်၀က်ခြံထွက်လွယ်အသားအရေ နှင့် ပေါင်းစပ်အသားရေအတွက်)
ပေါင်းစပ်အသားရေ၊ အဆီပြန်၊ ဝက်ခြံထွက်လွယ်သော အသားအရေများအသုံးပြုနိုင်ပါသည်။ ချွေးပေါက်များကို သိသိသာသာကျဉ်းစေသည်။ ဆားဝက်ခြံကိုသက်သာစေပြီး အဆီ၏ အရည်အသွေးကို ထိန်းညှိပေးသည်။ မိတ်ကပ်အောက်ခံ Primer အဖြစ်လည်း အသုံးပြုနိုင်သည်။ သန့်စင်ပြီး မျက်နှာတွင်ချွေးပေါက်ကျယ်သည့် T-zone နေရာတွင် မနက်ခင်းပိုင်းသာ လိမ်းပေးရန်။ လိမ်းပြီး ၁၅ မိနစ်အကြာတွင် အာနိသင် သိသာစေသည်။ တစ်ကြိမ်လိမ်းပြီးလျှင် အချိန် (၈) နာရီကြာ ချွေးပေါက်ကျဉ်း အာနိသင်ကိုရစေပါသည်။
အသုံးပြုပုံ
တစ်နေ့ (၁) ကြိမ် နေ့ခင်းဘက် အသုံးပြုနိုင်သည်
အဆင့် (1) မျက်နှာ သန့်စင်ပြီးနောက် အသုံးပြုနိုင်ပါသည်။
အဆင့် (2) တခြား Skincare များနှင့် အသုံးပြုမည်ဆိုပါ တိုနာ >> Sebium Pore Refiner >> Moisturizer .. စသဖြင့် အစဉ်တိုင်း အသုံးပြုပါ။
* အဆီပြန်သူများအတွက် မျက်နှာတပြင်လုံးအသုံးပြုနိုင်သည်။ ပေါင်းစပ်သမားများအတွက် ချွေးပေါက်များကျယ်လေ့ရှိသော T-zone နဖူး၊ နှာခေါင်း၊ မေးစေ့တို့တွင် လိမ်းပေးနိုင်သည်။
"