- အသားအရေကို နူးညံ့ညင်သာစွာ သန့်စင်ပေးသည်။
- အရေပြား၏ သဘာဝမျှခြေကို ထိန်းသိမ်းပေးသည်။
- အသားအရေ ယားယံတင်းကြပ်နေခြင်းများကို လျှော့ချပေးသည်။
နေ့စဥ်သုံး ရေချိုးဆပ်ပြာတုံး (အလွန်အမင်းခြောက်သွေ့ပြီးဓာတ်မတည့်လွယ်သော Atopic Skin များအတွက်)
အလွန်အမင်းခြောက်သွေ့ပြီး ဓာတ်မတည့်လွယ်သောအသားအရေများအသုံးပြုနိုင်ပါသည်။ ပျက်စီးသွားသောအရေပြား၏ သဘာဝအဆီလွှာကိုပြန်လည်တည်ဆောက်ပေးပြီး ဘက်တီးရီးယားပိုးမပေါက်ပွားနိုင်အောင်တားဆီးပေးသည်။ ရေဓာတ်ကိုပြန်လည်ဖြည့်တင်းပေးပြီး အသား အရေကို ညင်သာစွာသန့်စင်ပေးပြီး ခံနိုင်ရည်အားမြှင့်တင်ပေးသည်။ အနံ့၊ တာရှည်ခံပစ္စည်း မပါဝင်ပါ။ မျက်နှာ နှင့်ခန္ဓာကိုယ်တွင် တနေ့ (၂) ကြိမ် အသုံးပြုနိုင်ပါသည်။ မိသားစု Logo ပါဝင်တာကြောင့် ကလေး ၊လူကြီး ၊အရွယ်သုံးပါး မှစ၍ အသုံးပြုနိုင်ပါသည်။ (လမစေ့၊ ပေါင်မပြည့်သောခလေးငယ်များ အသုံးပြု၍မရနိုင်ပါ)
အသုံးပြုပုံ
တစ်နေ့ တစ်ကြိမ် မှ နှစ်ကြိမ်၊ မနက်၊ ည အသုံးပြုပေးနိုင်ပါသည်။
အဆင့် (1) စိုစွတ်သောအရေပြားတွင် အသုံးပြုပါ။
အဆင့် (2) အမြှုပ်ထွက်အောင်လုပ်ပြီး အမြှုပ်ဖြင့်သန့်စင်ပါ။
အဆင့် (3) ရေဖြင့် သေချာစွာဆေးချပြီး ညင်သာစွာ အခြောက်ခံပါ။
အဆင့် (4) ပြီးနောက် Atoderm Intensive baume (သို့မဟုတ်) Atoderm Intensive Gel-creme ကို အသုံးပြုနိုင်ပါသည်။