Bioderma Photoderm Spot-Age Sunscreen SPF50+ ( Spots & Wrinkles ) - 40 ML

(0 သုံးသပ်ချက်များ)

မှ ရောင်းချပါသည်:
မာကျူရီမှတင်ယူရောင်းချပေးသောထုတ်ကုန်

ဈေးနှုန်း:
Ks78,800 /pc
လျှော့ဈေး:
Ks70,920 /pc

အရေအတွက်:
(3 ရရှိနိုင်ပါသည်)

စုစုပေါင်းဈေးနှုန်း:
မျှဝေရန်:
မှ ရောင်းချပါသည်
Mercury Online Shopping Mall
(3 ဝယ်သူ၏သုံးသပ်ချက်များ)

"အမဲစက်နှင့် အရေးကြောင်းများသက်သာစေသော ဓာတ်တိုးဆန့်ကျင် နေကာခရင်မ် 


Photoderm SPOT-AGE SPF 50+ သည် နေရောင်ကြောင့် အိုမင်းရင့်ရော်ခြင်းလက္ခဏာများ (အမဲစက်၊ အရေးကြောင်း၊ အရေပြားလျော့ရဲခြင်း) ကို ကာကွယ်ပေးသော ဓာတ်တိုးဆန့်ကျင်နေကာခရင်မ်တစ်ခုဖြစ်ပါသည်။ (၈) နာရီကြာ ရေဓာတ်ဖြည့်ပေးသည်။


အမဲစက်များကို သက်သာစေသည်။ ဗီတာမင်စီကြောင့် အသားအရောင်ကို ညီညာစေပြီး အသားအရေကို ဝင်းလက်စေသည်။ အမဲစက်များ ထပ်မံမဖြစ်ပေါ်စေရန် တားဆီးပေးသည်။ ဓာတ်တိုးဆန့်ကျင်သတ္တိပါဝင်သည်။


လိမ်းပြီးချင်းချင်း ခြောက်သွေ့သွားသော ပေါ့ပါးသည့် ဂျယ်လ်ခရင်မ် ပုံစံဖြင့် ထုတ်လုပ်ထားပါသည်။ 


အလှအပနှင့် အရေပြားကုသမှုများ ခံယူပြီးနောက် အသုံးပြုနိုင်ပါသည်။ 


အစိုဓာတ်ထိန်းခရင်မ် လိမ်းပြီးနောက် (သို့မဟုတ်) အစိုဓာတ်ထိန်းခရင်မ် မလိမ်းဘဲ Photoderm SPOT-AGE တစ်ခုတည်း လိမ်းပေးနိုင်ပါသည်။


စေးကပ်ခြင်းမရှိပါ - အဆီပြန်ခြင်းမရှိပါ - မိတ်ကပ်အောက်ခံအဖြစ် ကောင်းစွာအသုံးပြုနိုင်သည် - မွှေးရနံ့အနည်းငယ် ပါဝင်သည် - ချွေးပေါက်မပိတ်စေပါ - ရေစိုခံသည် - အပူဒဏ်နှင့် မြင့်မားသော စိုထိုင်းဆကိုပါ ခံနိုင်ရည်ရှိသည်။


အသုံးပြုပုံ


အမဲစက်နှင့် နေရောင်ကြောင့် အိုမင်းရင့်ရော်ခြင်းများမဖြစ်ပေါ်စေရန် နေ့စဉ်အသုံးပြုပေးနိုင်ပါသည်။ တခြား Skincare များနှင့် အသုံးပြုမည်ဆိုပါက Moisturizer အဆင့်ပြီးနောက် Photoderm Spot-age နေကာခရင်မ်ကို လိမ်းပေးနိုင်ပါသည်။ 


အဆင့် (1) နေရောင်ထဲမသွားခင်တွင် များပြား ညီညာစွာလိမ်းပေးပါ။ (ပမာဏ နည်းလျှင် ကာကွယ်မှုနှုန်းနည်းမည်)


အဆင့် (2) ရေကူးခြင်း၊ အားကစားပြုလုပ်ခြင်းများ မလုပ်မီနှင့် လုပ်ပြီးတိုင်း မကြာခဏ ပြန်လိမ်းပါ။


* ကျန်းမာသောအရေပြားပေါ်တွင်သာ လိမ်းရမည်။ အဝတ်များနှင့်ပွတ်တိုက်မိပါက နေကာခရင်မ် ပြန်လိမ်းပေးပါ။ "


လက်ရှိအချိန်အထိ ဤထုတ်ကုန်အတွက် သုံးသပ်ချက်မရှိသေးပါ