""မြန်မာ့ပထမဆုံး Hydrosol Base Moisturizer"" ပူပြင်းတဲ့ မြန်မာ့ရာသီဥတုနဲ့ အကိုက်ညီဆုံးဖြစ်တဲ့ Lightweight Formula နဲ့ ထုတ်လုပ်ထားတဲ့ Gel Cream Texture မို့ စိမ့်ဝင်မှုနှုန်း အလွန်မြန်ဆန်ပါတယ်။ (10)s အတွင်းမှာတင် မျက်နှာပြင်တစ်ခုလုံးစိမ့်ဝင်သွားမှာပါ။
အသားပေါ်မှာ အဆီဝေ့နေတာ၊ လိမ်းရအရမ်းကြာတာတွေမဖြစ်စေဘူး။ အသားပူတာ၊ ထူပိတ်တာ၊ ချွေးပေါက်ပိတ်တာတွေမဖြစ်စေဘဲ အသားအေးနေစေပါတယ်။ လူလုပ်ရနံ့တွေ လုံးဝ မပါဝင်ဘဲ Hydrosol တွေက ရတဲ့ သဘာဝရနံ့တွေကိုပဲ ခံစားရမှာမို့ Luxurious & Aromatic Feeling ရစေပါတယ်။"
"Oily Skin, Acne Prone Skin, Combination Skin တွေအတွက်ပါ။ အဆီပြန်ခြင်း၊ ချွေးပေါက်ကျယ်ခြင်း၊ အဆီဖု၊ ဝက်ခြံနဲ့ မျက်နှာကြမ်းတမ်းခြင်းများအတွက်။
- ပူပြင်းတဲ့ မြန်မာ့ရာသီဥတု၊ အဆီဖု/ ဝက်ခြံထွက်လွယ်တဲ့ မြန်မာ့အသားအရေနဲ့အကိုက်ညီဆုံးဖြစ်တယ်။
- Distilled Water အစား Glowy Mint Hydrosol နဲ့ Customized ထုတ်လုပ်ထားတဲ့မြန်မာ့ပထမဆုံး Hydrosol Based Moisturizer ဖြစ်တယ်။
- သံပုရာပေါင်းခံရည်နဲ့ ပူစီနံပေါင်းခံရည်ကို အဓိကအသုံးပြုထားလို့ သာမန် Moisturizer တွေထက် ရေဓါတ်ပိုရစေပါတယ်။
- Ingredients တွေက 97% Natural Origins အထိပါဝင်ပါတယ်။"
"တစ်ရက် (2) ကြိမ် နေ့စဥ် Toner / Serum စတဲ့ Liquid Type တွေပြီးရင် လိမ်းလို့ရပါတယ်။"
"All :အဆီပြန်နှုန်း ထိန်းချုပ်ပြီး ချွေးပေါက်တွေ ကျဉ်းလာစေဖို့ Lime Hydrosol နဲ့ Peppermint Hydrosol ကို ထည့်သွင်းထားပါတယ်။
Willow Bark Extract , Witch hazel Extract တွေကတော့ အဆီဖုနဲ့ ဝက်ခြံထွက်နှုန်း လျော့ကျစေဖို့ပါ။ Cica Extract ကတော့ ဝက်ခြံတွေကို Soothe & Calm ဖြစ်စေပါတယ်။
ရေဓာတ်အဖြည့်နိုင်ဆုံး၊ အစိုဓာတ်ကို ကြာရှည်ထိန်းသိမ်းနိုင်ဆုံး Hyaluronic Acid ကလည်း မပါမဖြစ်ပါပဲ။
အဆီပြန်ရင် အသားကြမ်းလာ၊ ချွေးပေါက်ကျယ်၊ညစ်နွမ်းတာတွေကို ကုသဖို့ Niacinamide လည်းပါတယ်။
Panthenol ကကျ အစိုဓာတ်မြှင့်တင်ပေးပြီး နူးညံ့ချောမွေ့စေတယ်လေ။
Hydrolyzed Rice Protein နဲ့အတူ Apricot Kernel Oil , Jojoba Oil, Vitamin E တွေလို Natural Oil တွေပါသေးလို့ အာဟာရဓါတ်အပြည့်ပေးပြီး အစိုဓါတ်ခမ်းခြောက်ခြင်းကြောင့် အရေပြားပျက်စီးခြင်းကနေ ကာကွယ်ပေးတယ်။"