ပြည်ကော်ရည်ဆွဲကတော့ တရုတ်အစားအစာ ကြိုက်နှစ်သက်သူများ စားဖူးသူတိုင်းနှစ်သက်တဲ့နံနက် စာပဲဖြစ်ပါတယ်။ ပြည်ကော်ရည် သည် အဆီရှောင်သူများ အတွက် အထူးသင့်တော်ပါတယ်။ ပြည်ကော်ရည်ဆွဲကို အီကြာကွေး၊ကန်စွန်းရွက်နှင့်ပဲပင်ပေါက် ရေနွေးဖျော် များထည့်ကာ ကြက်သွန်ဖြူကြော်မှုန့် နှင့် ငရုတ်ကောင်း မှုန့်ဖြူး သုံးဆောင်လိုက်ပါကကြက်သွန်ဖြူနံ့ သင်းသင်း လေးနဲ့ အလွန်ကို အရသာရှိလှပါတယ်။ ပြည်မြိုတော် ပြည်ကော်ရည်ခေါက်ဆွဲ အသင့်ချက် အနှစ်ထုပ်များမှာ ကြာရှည်ခံဓာတုဆေးများမပါဝင်ဘဲ သက်သတ်လွတ် ပြုလုပ်ထားသောကြောင့် လူမျိုးဘာသာမရွေးစားသုံးနိုင် သည့်အပြင် ဝါတွင်းကာလ သတ်သက်လွတ်စားသူများ အတွက်လည်းအထူးသင့်လျော်ပါတယ်