နေ့သစ် 4 in 1 လက်ဖက်ခြောက်ဘူး
- 4 in 1 လက်ဖက်ခြောက်ဘူး
- သဘာဝလက်ဖက်စိမ်းလက်ဖက်ခြောက်၊ သဘာဝရိုးရာလက်ဖက်ခြောက်၊ သဘာဝရွက်နုလက်ဖက်ခြောက် နှင့် တော်ဝင်လက်ဖက်ခြောက်တို့ပါဝင်သည်။
သဘာဝလက်ဖက်စိမ်းခြောက်
- သဘာဝလက်ဖက်စိမ်းခြောက်သည် လက်ဖက်ခြောက်အားလုံးထဲတွင် အင်တီအောက်ဆီးဒင့်အများဆုံးပါဝင်သော အမျိုးအစားဖြစ်ပြီးဆီးချိုရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေကာ နှလုံးသွေးကြောလုပ်ဆောင်ချက်များအားကောင်းစေသောကြောင့် နှလုံးနှင့်ဆက်စပ်သည့် ရောဂါများဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါသည်။
သဘာဝရိုးရာလက်ဖက်ခြောက်
- အစေ့စိုက်လျှင် နှစ် (၁၀၀၀) ကိုင်းဖြတ်စိုက်လျှင် နှစ်(၁၀၀) ဆိုကြသည့် နှစ်ရှည်လက်ဖက်ပင်များကို မိုးရေချိန်ပိုမိုရရှိသည့် ရှမ်းပြည်တောင်ပိုင်းရှိ စိုက်ခင်းများတွင် စိုက်ပျိုးပြီး လက်ဖက်ရွက်နုများကိုသာ ရွေးချယ်ခူးဆွတ်ကာ သန့်စင်သော လက်ဖက်လှော်အိုးများဖြင့် စနစ်တကျ အကောင်းဆုံးထုတ်လုပ်ထားပါသည်။
- နေ့စဉ် ရေနွေးကြမ်း (၄)ခွက်နှင့်အထက် သောက်သုံးပါက လုံးဝမသောက်သူများထက် လေဖြတ်မှု အန္တရာယ် (၂၁) ရာခိုင်နှိုန်းလျော့နည်းကြောင်း စစ်တမ်းများက ဆိုထားသောကြောင့် သဘာဝ လက်ဖက်ခြောက်သည် လေဖြတ်မှိုကာကွယ်သည့်အပြင် စိတ်ဖိစီးမှုများကိုလည်း ပြေပျောက်စေကာ သွားနှင့်ခံတွင်းကျန်းမာရေးကိုလည်း ကောင်းမွန်စေပါသည်။
သဘာဝရွက်နုလက်ဖက်ခြောက်
- ရှမ်းပြည်တောင်ပိုင်း တောင်ကမ်းပါးစောက်များတွင် တန်းစီစိုက်ပျိုးထားသော လက်ဖက်ပင်မှ အစီအရီထွက်နေသော နှစ်လွှာတစ်ညွန့် အညွန့်နုနုလေးများကို ခူးဆွတ်ကာ တစ်ရက်တည်းနှင့်ခြောက်အောင်နေလှန်းထား၍ ရိုးရာဓလေ့အတိုင်း စနစ်တကျသန့်စင် ထုတ်လုပ်ထားပါသည်။
- သဘာဝ ရွက်နုလက်ဖက်ခြောက်သည် သွေးလည်ပတ်မှုမြန်လာသောအခါမှာ သွေးတိုးကိုကျစေပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေပါသည်။
- စိတ်ကိုပေါ့ပါးလန်းဆန်းခြင်း နှင့်အတူ ညဘက်တွင် ကောင်းစွာအိပ်စက်အနားယူနိုင်စေဖို့ ကူညီပေးသည့်အပြင် ပင်ပန်းနွမ်းနယ်မှုကိုလည်း ပြေပျောက်စေပြီး ဦးနှောက်ကိုကြည်လင်လန်းဆန်းစေပါသည်။
တော်ဝင်လက်ဖက်ခြောက်
- တောင်မြင့်မားလွန်းလေ လက်ဖက်ကောင်းလေဆိုတဲ့ ဆိုရိုးအတိုင်း ရေမြေတောတောင် သဘာဝအရလည်း သာယာသည့် ရှမ်းတောင်တန်း လက်ဖက်စိုက်ခင်းများမှ ရရှိလာသော သဘာဝလက်ဖက်စိမ်းများကို လှော်စက်ဖြင့်လှော်ကာ စနစ်တကျသန့်စင်ထုတ်လုပ်ထားသည့်အတွက် အနံ့သင်းပျံ့ပျံ့၊ မွှေးမွှေးလေးရရှိမည့် လက်ဖက်ခြောက်ဖြစ်ပါသည်။
- တော်ဝင်လက်ဖက်နီက အရိုးတွေကို သန်မာစေပြီး နှလုံးရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်သည့်အပြင် လက်ဖက်နီကို ၆ပတ် ဆက်တိုက်သောက်ပေးလျှင် သွေးထဲမှ မကောင်းသော LDL ကိုလက်စထရောများကို ကျစေပြီး ကောင်းသည့်HDL ကိုလက်စထရောများကို တက်စေသည့်အပြင် စိတ်ဖိစီးမှုခံစားနေရသူများ၊ ကွန်ပြူတာအသုံးများသူများ၊ ဇက်ကြောတက်၊ အညောင်းမ ၊ အာံကြောကိုက်ခဲနေသူများအတွက် အထူးသင့်လျော်ပါသည်။
သောက်သုံးနည်း - ရေနွေးခွက်ထဲသို့လက်ဖက်ခြောက်အနည်းငယ်ထည့်ပြီး ပွက်ပွက်ဆူနေသော ရေနွေးကိုလောင်းထည့်ပါ။ (၂)-(၃) မိနစ်ခန့်နှပ်ထားပြီးလျှင် အရသာထူးကဲကောင်းမွန်ပြီး ဖန်ခြင်း၊ ခါးခြင်း မရှိဘဲ ချိုမြသည့်အရသာကို ပေးစွမ်းနိုင်သောရေနွေးကြမ်းတစ်ခွက်ကို သုံးဆောင်နိုင်မည်ဖြစ်ပါသည်။