(Buy 2 - get 25% off) Cute Villa ကလေးချီပိုးအိတ်

(0 သုံးသပ်ချက်များ)
Estimate Shipping Time: 1 (နေ့)ရက်

မှ ရောင်းချပါသည်:
မာကျူရီမှတင်ယူရောင်းချပေးသောထုတ်ကုန်

ဈေးနှုန်း:
Ks55,800 /pcs
လျှော့ဈေး:
Ks41,850 /pcs

Color:
အရေအတွက်:
(37 ရရှိနိုင်ပါသည်)

စုစုပေါင်းဈေးနှုန်း:
မျှဝေရန်:
မှ ရောင်းချပါသည်
Mercury Online Shopping Mall
(3 ဝယ်သူ၏သုံးသပ်ချက်များ)

Cute Villa ကလေးချီပိုးအိတ်

Cute Villa ကလေးချီပိုးအိတ်၏ အားသာချက်များ

  • သွားလေရာပေါ့ပါးကာသယ်ယူရလွယ်ခြင်း၊
  • မိခင်နှင့်ကလေးကပ်နေသောအနေအထားဖြစ်သောကြောင့် မိခင်ကိုယ်ငွေ့အပြည့်အဝရရှိကာ ကလေးနှစ်ခြိုက်မှုရှိခြင်း၊
  • တစ်ခြားတစ်ယောက်ရဲ့အကူအညီမလိုပဲ မိခင်တစ်ယောက်တည်းလွယ်ကူစွာချီပိုးနိုင်ခြင်း၊
  • စတီးကွင်းနှစ်ကွင်းဖြင့် သေချာစွာပြုလုပ်ထားခြင်းကြောင့် စိုးရိမ်ပူပန်စရာမရှိပဲလုံခြုံစိတ်ချစွာအသုံးပြုနိုင်ခြင်း၊
  • နေရာမရွေးအချိန်မရွေး ကလေးသိပ်ရာတွင် အဆင်ပြေလွယ်ကူမှုရှိပြီး နှစ်ခြိုက်စွာကလေးအိပ်ပျော်စေနိုင်ခြင်း၊
  • မွေးခင်းစမှ ၄နှစ်အရွယ်ကျော်သည်အထိ ကလေးအိပ်ချိန်များတွင်သာမက မိခင်နှင့်သွားလေရာခေါ်ဆောင်နိုင်ကာ လိုအပ်သလိုအသုံးပြုနိုင်ခြင်း။

ကလေးချီပိုးအိတ် အသုံးပြုနည်း

အဆင့် ၁

ဘယ်ဘက်ပခုံးပေါ်တွင် ကော်ကွင်းနှစ်ကွင်းကို အောက်စိုက် အနေအထားဖြင့် ထားပြီး မိခင်ကိုယ်တွင်ပတ်ကာ ညာဘက်လက်အောက်မှ ရှေ့သို့ ထုတ်ပြီး ကော်ကွင်းနှစ်ကွင်းထဲသို့ အလိုက်သင့် ထည့်ပြီး ပိတ်စကို အရင်ဆွဲထုတ်ပါ။

အဆင့် ၂

မိမိလိုချင်သော ကလေးအနေအရွယ် ခန့်မှန်းချန်ပြီး ကော်ကွင်းတစ်ကွင်းအပေါ်မှ ကျန်တစ်ကွင်းထဲသို့ ပိတ်စအကုန် ထိုးသွင်းလိုက်ပါ။

အဆင့် ၃

ကလေးထည့်ပြီး မိမိကလေးအရွယ်အစားပေါ်မူတည်ကာ ပိတ်စအလည်အနားနှစ်ဖက်တို့ကိုအတိုးအလျော့ ပြုလုပ်ပေးကာ လိုအပ်သော မိခင်နှင့် ကလေး စိတ်ချကျေနပ်မူရသည့် အထိ ပြုလုပ်ချီပိုးနိုင်ပါသည်။

လက်ရှိအချိန်အထိ ဤထုတ်ကုန်အတွက် သုံးသပ်ချက်မရှိသေးပါ

ဆက်စပ်ပစ္စည်းများ