BB Collagen Broth ဆိုသည်မှာ -
BB Collagen Broth သည် အာဟာရပြည့်ဝပြီး အနံ့အရသာကောင်းမွန်သည့် အသင့်သောက် ကော်လဂျင်ကြက်ပေါင်းရည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ FDA ထောက်ခံချက်ရရှိပြီးဖြစ်သည့် BB Collagen Broth (BB ကော်လဂျင်ကြက်ပေါင်းရည်) ကို အရည်အသွေးပြည့်မှီသော စားသောက်ကုန်ထုတ်လုပ်မှု စံနှုန်းများနှင့်အညီ ပြည်တွင်း၌ ထုတ်လုပ်ထားပါသည်။
BB Collagen Broth ဖြင့် မိမိတို့၏ နေ့စဉ်စားသောက်မှုပုံစံတွင် ကော်လာဂျင်ဓါတ်ကို အလွယ်တကူ ဖြည့်တင်းနိုင်ရန် ကူညီပေးနိုင်သည်။ ကြက်မှရသော ပရိုတင်းဓါတ်လည်း ပြည့်၀သည်။ BB Collagen Broth တွင် အရိုးအဆစ်အား ထောက်ကူပေးနိုင်သည့် Type II ကော်လာဂျင်ဓါတ်တို့ ကြွယ်၀စွာ ပါဝင်သည်။
BB ကော်လဂျင်ကြက်ပေါင်းရည်တွင် တာရှည်ခံဓါတုဆေးလုံးဝါးနှင့် (ခန္ဓာကိုယ်ကို အကျိုးမပြုသော) အချိုမှုန့်၊ သကြား၊ အရောင်ဆိုးဆေးနှင့် တစေးများ လုံးဝမပါဝင်ဘဲ အခန်းအပူချိန်တွင် (၆)လအချိန်ထိ ထားသိုနိုင်ပါသည်။
BB Collagen Broth သည် စားသုံးသူများထံသို့ “အရသာပြည့်၀ခြင်း၊ အာဟာရပြည့်၀ခြင်း နှင့် အသုံးပြုရလွယ်ကူခြင်း” စသည့် အချက်(၃)ချက်ကို လုပ်ဆောင်ပေးနိုင်ရန် ရည်ရွယ်ထားပါသည်။
BB Collagen Broth ကို အသုံးပြုပုံ -
BB Collagen Broth ကို ကြက်ပေါင်းရည်အတိုင်း ပူပူနွေးနွေးလေး အသင့်သောက်သုံးနိုင်သလို ဟင်းချက်ရာမှာလည်း အာဟာရပိုမိုပြည့်ဝစေဖို့ ရေအစားထိုး ဟင်းချက်ရည်/ ဟင်းအရည်အဖြစ်လည်းကောင်း၊ hotpot ချက်ပြုတ်ရာနှင့် ဆန်ပြုတ်/ ခေါက်ဆွဲပြုတ်စသည်တို့ ချက်ပြုတ်ရာတွင်လည်းကောင်း၊ အနံ့အရသာအပြင် အာဟာရဓါတ်ပြည့်၀တဲ့ စားကောင်းဖွယ်ရာများကိုလည်းကောင်း အချိန်တိုအတွင်း ပြင်ဆင်ချက်ပြုတ်နိုင်ပါသည်။
BB Collagen Broth စားသုံးရန် သင့်လျော်သူ -
အသက် (၁)နှင့်အထက်မှစ၍ အသက်အရွယ်မရွေးစားသုံးနိုင်ပြီး ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ ကျန်းမာရေးလိုက်စားသူများ၊ ဝိတ်ထိန်းနေသူများ၊ ဘိုးဘိုးဘွားဘွားများနှင့် ပိုက်ဖြင့်အစာကျွေးနေရသူများ/ နာတာရှည်လူနာများလည်း စားသုံးနိုင်ပါသည်။