Learning colours

(0 သုံးသပ်ချက်များ)

မှ ရောင်းချပါသည်:
မာကျူရီမှတင်ယူရောင်းချပေးသောထုတ်ကုန်

ဈေးနှုန်း:
Ks7,950 /1 pcs

အရေအတွက်:
(10 ရရှိနိုင်ပါသည်)

စုစုပေါင်းဈေးနှုန်း:
မျှဝေရန်:
မှ ရောင်းချပါသည်
Mercury Online Shopping Mall
(3 ဝယ်သူ၏သုံးသပ်ချက်များ)

မေမေတို့ရဲ့ ရင်သွေးလေးတွေအတွက် အရောင်တွေကို အမြင်အာရုံနဲ့ လေ့လာနိုင်ဖို့ ဒီစာအုပ်လေးက အကောင်းဆုံးပါပဲ။ Toddlers နှင့် Preschoolers သားသားမီးမီးတွေရဲ့ ကမ္ဘာကြီးကို ရောင်စုံရွှင်လန်းစွာ ဖွင့်လှစ်ပေးလိုက်ပါ။ 

ဒီစာအုပ်လေးက ဘာတွေကောင်းလဲဆိုတော့...

အဓိကအရောင်တွေနဲ့ ဒုတိယအရောင်တွေ ဖြစ်တဲ့ Primary colours နှင့် Secondary colours တွေကို ပုံလေးတွေနဲ့ တွဲဖက်လေ့လာနိုင်ပါတယ်။

ကလေးတွေရဲ့ ပထမဆုံးစကားလုံး First Words တွေနဲ့ ရိုးရှင်းတဲ့ဝါကျလေးတွေကို အရောင်နဲ့ ဆက်စပ်ပြီး လေ့လာနိုင်တာကြောင့် ဘာသာစကားစွမ်းရည်ကို တိုးတက်စေပါတယ်။

ချစ်စရာကောင်းတဲ့ ကာတွန်းပုံလေးတွေကြောင့် ကလေးတွေရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်ပြီး ပျော်ရွှင်စွာ သင်ယူနိုင်ပါတယ်။

လက်တွေ့ကမ္ဘာနဲ့ ချိတ်ဆက်မှုကို ဖန်တီးပေးတာကြောင့် ပုံထဲကအရာတွေဟာ ဘယ်လိုအရောင်မျိုးလဲဆိုတာကို နားလည်အောင် ကူညီပေးပါတယ်။

 Screen ကြည့်ချိန် Screentime လျှော့ချနိုင်ခြင်း - ဒီစာအုပ်လေးကို ဖတ်ရင်းနဲ့ ကလေးတွေရဲ့ မျက်စိကို အနားပေးပြီး စာအုပ်ဖတ်တဲ့ အလေ့အကျင့်ကောင်းကိုလည်း ရစေပါတယ်။

စကားပြောစွမ်းရည် တိုးတက်စေခြင်း - မိဘတွေ၊ ဆရာတွေနဲ့အတူ ဒီစာအုပ်လေးထဲကပုံတွေကို ပြောပြရင်း ဆက်သွယ်ပြောဆိုမှုစွမ်းရည်တွေ ပိုမိုတိုးတက်လာစေမှာပါ။

လက်ရှိအချိန်အထိ ဤထုတ်ကုန်အတွက် သုံးသပ်ချက်မရှိသေးပါ