ဒီစာအုပ်လေးက ရိုးရိုးသင်္ချာရေတွက်တဲ့စာအုပ်လေးတစ်ခုသက်သက်မဟုတ်ပါဘူး။
ကလေးတွေက ဒီစာအုပ်လေးကိုဖတ်ရင်းနဲ့ ရေနေသတ္တဝါအမျိုးအစားတွေကိုလည်း သိလာမယ်၊ နံပါတ်တွေကိုလည်း အလွယ်တကူရေတွက်တတ်လာမယ်။ ရေအောက်ကမ္ဘာအကြောင်းကို သိရှိပြီး ပျော်ရွှင်ကြည်နူးစရာအတွေ့အကြုံသစ်တွေကိုပါ ရရှိစေမှာဖြစ်လို့ သာမန်စာအုပ်တွေထက် အများကြီး ပိုပြီး ထူးခြားတဲ့စာအုပ်လေးဖြစ်ပါတယ်။
ဘာကြောင့် သားသားမီးမီးတွေအတွက် ဒီစာအုပ်လေးကို ရွေးချယ်သင့်သလဲ
- သင်္ချာစွမ်းရည်မြှင့်တင်ပေးခြင်း: ကလေးတွေရဲ့ သင်္ချာအခြေခံကို ခိုင်မာစေပြီး အနာဂတ်မှာ ပိုမိုရှုပ်ထွေးတဲ့ သင်္ချာဆိုင်ရာသင်ခန်းစာတွေကို သင်ယူနိုင်ဖို့ ကူညီပေးပါတယ်။
ရေနေသတ္တဝါများအကြောင်း ဗဟုသုတရရှိခြင်း: starfish ၊ seahorse ၊ crab စတဲ့ ရေနေသတ္တဝါလေးတွေနဲ့ ရင်းနှီးကျွမ်းဝင်စေပြီး သူတို့ရဲ့ ဘဝနေထိုင်မှုပုံစံလေးတွေကို သိရှိလာစေပါတယ်။
စိတ်ကူးစိတ်သန်းနဲ့ သိချင်စိတ်ကို နှိုးဆွပေးခြင်း: အရောင်အသွေးစုံလင်ပြီး စွဲဆောင်မှုရှိတဲ့ ပုံလေးတွေက ကလေးတွေကို စူးစမ်းလေ့လာချင်စိတ်တွေ ဖြစ်ပေါ်လာအောင် တွန်းအားပေးပါတယ်။
ပျော်ရွှင်စွာ သင်ယူခြင်း: ကစားရင်း၊ ရေတွက်ရင်း သင်ယူမှုဖြစ်စဉ်ကို ပျော်စရာကောင်းတဲ့ အတွေ့အကြုံအဖြစ် ပြောင်းလဲပေးပါတယ်။