Top 3 Stretched mark pre-care products on Mercury Shopping Mall

Top 3 Stretched mark pre-care products on Mercury Shopping Mall

ကုန်ပစ္စည်းအညွှန်းများ (Product Reviews)

အကြောပြတ်တယ်ဆိုတာကတော့ အရေပြားရဲ့ ဒုတိယအလွှာက စုတ်ပြဲမှုကြောင့် ဖြစ်ပေါ်လာတာဖြစ်ပြီး ဖြစ်ပြီးသွားရင်တော့ လေဆာနည်း သို့ ခွဲစိတ်မှသာပြန်လည်ပျောက်ကင်းနိုင်တဲ့ အနာရွတ်ပဲဖြစ်ပါတယ်။

မေမေတို့အနေနဲ့ အပေါ်အရေပြားကို အစိုဓါတ်အပြည့်အဝရအောင်ကြိုတင်ပြင်ဆင်ခြင်းဖြင့် အကြောပြတ်ရာများ မဖြစ်လာအောင် ကြိုတင်ကာကွယ်နိုင်ပါပြီ။

ကိုယ်ဝန်‌ဆောင်မိခင်တွေအနေနဲ့ အကြောပြတ်ရာတွေမရှိရ‌အောင် ဘယ်နေရာတွေကို အဓိကထားလိမ့်သင့်သလဲ သိပြီးပြီလား???

ကိုယ်ဝန်ဆောင်ချိန်မှာ ကြီးထွားလာတဲ့ ဗိုက်သားကိုသာမက ဗိုက်နဲ့ဆက်စပ်တဲ့ တင်သားနဲ့ ခါးနောက်ပိုင်းတွေပါလိမ်းပေးရပါတယ်။ ဒါ့အပြင် ရင်သားကိုလည်း လိမ်းပေးသင့်ပါတယ်။ ကိုယ်အလေးချိန်ပါများလာတတ်တဲ့ မေမေဆိုရင်တော့ ပေါင်နဲ့ ခြေသလုံးကိုပါ လိမ်းသင့်ပါတယ်နော်။

အခုဆိုရင် ဘယ်လိုမျိုးအဆီကိုလိမ်းရမလဲဆိုတာ Mercury ရဲ့ Beauty Advisor ကညွန်းချင်ပါတယ်။

COCOHEALTH Night Serum - ၆၀၀၀ ကျပ်

သန့်စင်တဲ့ အော်ဂန်းနစ်အထူးသန့်စင်အုန်းဆီနဲ့အတူ သဘာဝကရထားတဲ့ ပန်းပေါင်းရနံ့ပါဝင်လို့ အသားကိုစေးကပ်ခြင်းမရှိဘဲ နူးညံ့စိုပြေစေပါတယ်။ ဘက်စုံသုံးဖြစ်လို့ နေရာမရွေးအသုံးဝင်ပါတယ်။ အကြောပြတ်ရာကိုကြိုတင်ကာကွယ်နိုင်တဲ့ Review တွေလည်း ရရှိထားတာတွေ့ရပါတယ်။