September Born

September Born

လူမှုဘဝနေထိုင်မှုပုံစံ (Lifestyle)

September လမှာမွေးဖွားသူတွေအတွက် မွေးနေ့လက်‌ဆောင်

ကြင်နာပြီးချစ်တတ်တဲ့ စက်တင်ဘာလမှာမွေးတဲ့သူတွေကို ပြန်လည်ပြီးချစ်ကြောင်း၊ခင်ကြောင်းပြသဖို့အတွက် ဘယ်လိုမွေးနေ့လက်ဆောင်လေးတွေပေးသင့်တယ်လို့ သင်ထင်ပါသလဲ။ လက်ဆောင်လေးတွေအကြောင်းကို မဆွေးနွေးခင် လူပြောများတဲ့ စက်တင်ဘာလမှာမွေးတဲ့သူတွေရဲ့ စရိုက်လက္ခဏာ ၇ ခုကို ပြောပါလိုပါတယ်။

ယဥ်ကျေးသိမ်မွေ့ကြပါတယ်။

အမှန်တရားကို ရွေးချယ်ကြတယ်။

နှလုံးသားအတိုင်းချစ်တတ်ကြတယ်။

စိတ်ပူပန်လွယ်တယ်။

ကိုယ့်နည်းကိုယ့်ဟန်နဲ့နေတတ်ကြတယ်။

အချစ်ကြီးပါတယ်။

ဘာပဲလုပ်လုပ်ဇွဲနဲ့လုပ်တတ်ကြတယ်။

အစားအသောက်ကို မရှောင်တမ်းစားတတ်ကြတယ်လို့ ဆိုပါတယ်။ သင်အခုလက်ဆောင်ပေးမဲ့ စက်တင်ဘာမွေးတဲ့သူနဲ့ အချက်တွေတူရဲ့လား။

စက်တင်ဘာမှာ မွေးနေ့ကျင်းပမဲ့သူတွေကိုပေးသင့်တဲ့ လက်ဆောင်တွေကတော့-

ဝိုင်ကောင်းကောင်းလေးတစ်ပုလင်း

Virgo Sign ပါတဲ့ လက်ဝတ်ရတနာ

သူကြိုက်တဲ့ အစားအစာတွေကိုအဝကျွေးတာ

Coffee သို့မဟုတ် Tea Set

မွေးတဲ့ ခုနစ်ပါတဲ့ သီးသန့်မှာပေးထားတဲ့ တီရှပ်၊ ကော်ဖီခွက် ဒါမှမဟုတ် အိတ်

ဖော်ပြထားတဲ့ ပစ္စည်းတွေကိုလက်ဆောင်အဖြစ်ပေးလို့ရပါတယ်နော်။ အရေးကြီးဆုံးအနေနဲ့ကတော့ မွေးနေ့အတွက် ဂုဏ်ပြုဆုတောင်းကို မဖြစ်မနေပို့ပေးဖို့လိုအပ်ပါသေးတယ်။