ရေမွှေးက ဝယ်သုံးတာအနံ့မခံဘူး။ ထောင်ကျော်တန်ကမှ သုံးရက်လောက်စွဲနေတာပဲလို့ စိတ်ထဲမှာတွေးဖူးပါသလား။ အဲ့ဒါဆိုရင်တော့ ရေမွှေးတွေအကြောင်းကို ဗဟုသုတဖြည့်မှီးဖို့လိုအပ်နေပြီဖြစ်ပါတယ်။
ရေမွှေးတွေက ထုတ်လုပ်ပုံအပေါ်မူတည်ပြီး တာရှည်ခံတာ၊ မခံတာတွေကို ပုလင်းမှာသေချာဖော်ပြထားတတ်ကြပါတယ်။ အချို့က ပွဲတက်ချိန် ၂ နာရီလောက်ပဲရနံ့ထွက်တာကိုသဘောကျသူ ရှိပါတယ်။ တချို့ကတော့ ခဏလောက်ပဲ ဆွတ်ထားတာမျိုးသဘောကျသူတွေရှိပါတယ်။ ရေမွှေးအမျိုးအစားတွေက ဘယ်လိုမျိုးခွဲခြားနိုင်လဲဆိုတာကို ဆက်ဆွေးနွေးကြရအောင်နော်။
Parfum
အမွှေးဆီပါဝင်မှုနှုန်း ၁၅% ကနေ ၄၀%အထိပါဝင်ပြီး တစ်ခါဆွတ်ရင် ခြောက်နာရီကနေ ရှစ်နာရီ ကြာတာရှည်ခံပါတယ်။ အမွှေးဆီပါဝင်မှုပိုများပြီး အရက်ပျံပါဝင်မှုနည်းလို့ အသားခြောက်တတ်သူတွေအတွက်သုံးသင့်တဲ့အမျိုးအစားလည်းဖြစ်ပါတယ်။
Eau de Parfum (EDP)
အမွှေးဆီပါဝင်မှုနှုန်း ၁၅% ကနေ ၂၀%အထိပါဝင်ပြီး တစ်ခါဆွတ်ရင် လေးနာရီ၊ ငါးနာရီ ကြာတာရှည်ခံပါတယ်။ နေ့စဥ်သုံးအနေနဲ့အသုံးပြုဖို့အကောင်းဆုံးလို့ ဆိုပါတယ်။ ညဖက်မှာသုံးဖို့အတွက်ပိုကောင်းတယ်လို့ဆိုပါတယ်။
Eau de Toilette (EDT)
အမွှေးဆီပါဝင်မှုနှုန်း ၅% ကနေ ၁၅%အထိပါဝင်ပြီး တစ်ခါဆွတ်ရင် သုံးနာရီခန့်သာကြာတာရှည်ခံပါတယ်။ စျေးပိုသက်သာပြီး အနံ့အမျိုးအစားရွေးချယ်စရာပိုများပါတယ်။ ပြင်သစ်စကားဖြစ်တဲ့ “faire sa toilette” ဆိုတဲ့စကားကလာပါတယ်။ နေ့စဥ်သုံးအနေနဲ့ကျော်ကြားပြီး Getting Ready ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
Eau de Colonge (EDC)
၂ ၄ သာပါဝင်လို့ နှစ်နာရီသာခံနိုင်တဲ့အမျိုးအစားဖြစ်ပါတယ်။ ပုလင်းကြီးကြီးနဲ့လာတတ်ပြီး စျေးသက်သာပါတယ်။ အော်ဒီကလုန်း(EDC)ရဲ့ မူလအစကတော့ သံပုရာနဲ့ ဆေးဝါးတွေရိုးရာအတိုင်းအခြေခံထားထုတ်တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ၁၉၀၀ ကျော်ခုနစ်တွေမှာ မူးရင် အော်ဒီကလုန်းရှူဆိုတာ ကြားဖူးကြတယ်ဟုတ်???
Eau Fraiche
၁%ကနေ ၃% အထိသာအမွှေးဆီပါဝင်ပါတယ်။ ရေအများဆုံးပါဝင်တဲ့ ပြီး Body mist အနေအသုံးပြုနိုင်ပါတယ်။ ကြာချိန် ၂နာရီအထိ ရနိုင်ပါတယ်။ အခုဆိုရင် ရေမွှေးတွေအကြောင်းပြောပြီးပြီဆိုတော့ Mercury ရဲ့ အထူးစျေးနှုန်းနဲ့ရောင်းနေတဲ့ Branded Perfume တွေကို စျေးဝယ်ထွက်ကြရအောင်နော်။ သတ်မှတ်ချိန်အတွင်းလျှော့ဈေးချထားသောပစ္စည်းများ
Perfume Note
ရေမွှေးဆွတ်ထားရင် ရနံ့ပြောင်းသွားသလား။ ဟုတ်ကဲ့ပြောင်းသွားပါတယ်နော်။ ကိုယ်ရဲ့ နဂိုရနံ့နဲ့ ပြောင်းစပ်သွားတတ်သလို အချိန်နဲ့အမျှလည်း ရေမွှေးက ရနံ့ပြောင်းလာပါတယ်။ Note လို့ခေါ်ပါတယ်။
ရေမွှေးကဖော်စပ်တဲ့ အနုပညာမှာတော့ စစဆွတ်ခြင်းမှာ စူးရှတဲ့ရနံ့ကိုပုံဖော်ပြီး ပထမ Note အငွေ့ပျံချိန်မှာ ဒုတိယ Note ကစတင်လာပါမယ်။ ဒုတိယ Note မှာတော့ မိနစ် ၂၀ ကနေ တစ်နာရီအထိတာရှည်ခံပြီးတော့ နောက်ဆုံးမှာ Based Note ကရနံ့နဲ့ပေါင်းစပ်ပြီး ၂၄ နာရီလောက်အထိစွဲမြဲနေပါလိမ့်မယ်။