Perfume in Daily Life

Perfume in Daily Life

ဖက်ရှင်နှင့်မိတ်ကပ် (Fashion & Makeup)

သင်ဟာ ရနံ့ကုထုံးဆိုတာကို ကြားဖူးပါသလား၊ ရနံ့တွေက ယုံကြည်မှုကိုတည်ဆောက်ပေးတယ်။ ရနံ့တွေကို ချစ်ခင်စရာအသွင်အပြင်ကိုပေးတယ်။ ရနံ့တွေကို နေ့စဥ်ဘဝရဲ့ ဆုံးဖြတ်ချက်တွေကိုလွှမ်းမိုးထားပါတယ်။


ဒီနေ့မှာ Mercury ရဲ့ Beauty Advisor လေးပြောပြသွားမဲ့အကြောင်းကတော့ လုပ်ငန်းခွင်မှာနေ့စဥ်ဘယ်လို ရနံ့တွေကိုသုံးသင့်သလဲဆိုတာပဲဖြစ်ပါတယ်။


ယုံကြည်မှု၊ ခိုင်မြဲမှုအပြင် ရှင်းသန့်မှုကိုပေးနိုင်တယ်လို့ ဆိုတဲ့ရနံ့ ၅ မျိုး


Cinnamon (သစ်ဂျပိုးရနံ့)- ရနံ့တွေထဲမှာ တစ်ဖက်သားကို သက်တောင့်သက်သာဖြစ်တဲ့အပြင် စိတ်ကိုပြတ်သားစေဖို့အထောက်အကူပြုပါတယ်လို့ သုတေသီတွေက ဆိုပါတယ်။
Pine (ထင်းရှူးရနံ့)- ထင်းရှူးရနံ့က စိတ်ပင်ပန်းမှုတွေကိုလျော့ချပေးနိုင်ပါတယ်။ ဂျပန်သုတေသီတွေက ထင်းရှူးတောထဲမှာ လမ်းလျှောက်ပေးခြင်းက စိတ်ကျခြင်းနဲ့ စိတ်ဖိအားကိုလျော့ကျစေတယ်လို့ဆိုပါတယ်။


Citrus (သံပုရာရနံ့)- Vitamin-C က အရသာတင်မက ရနံ့ကပါ စွမ်းအင်နဲ့တက်ကြွမှုကိုပေးပါတယ်။


Pumpkin (ဖရုံရနံ့)- ဖရုံရနံ့က စိတ်ကိုသက်ငြိမ်စေပါတယ်။ လာဗင်ဒါနဲ့ပေါင်းစပ်ထားတဲ့ ဖရုံရနံ့က ကောင်းမွန်တဲ့ရွေးချယ်မှုတွေဖြစ်စေဖို့အားပေးပါတယ်။


Peppermint (ပူရှိန်းရနံ့)- အာရုံကြောကိုနိုးကြားတက်ကြွစေပြီး စာမေးပွဲဖြေတဲ့ကျောင်းသားတွေအတွက် အထောက်အကူဖြစ်စေတယ်လို့ သုတေသီတွေက ညွှန်းထားပါတယ်။


Apple (ပန်းသီးရနံ့)- ပန်းသီးရနံ့ကတော့ ခေါင်းကိုက်ခြင်းကိုသက်သာစေပြီး စိတ်ဖိအားတွေကိုလျော့ကျစေဖို့ ကူညီပေးပါတယ်။


ဒါကြောင့် သင်ရဲ့ နေ့စဥ်သုံးရေမွှေးရနံ့ဟာ ဘယ်လိုရနံ့တွေနဲ့ပေါင်းစပ်ထားလဲ၊ ကြာလာတာနဲ့အမျှ ကိုယ့်ရဲ့နဂိုရနံ့နဲ့ပေါင်းပြီး ရနံ့ပြောင်းသွားတတ်လဲဆိုတာကို သိထားဖို့လိုပါတယ်။ သဘာဝရနံ့တွေကိုသာ အသုံးပြုပြီး အကောင်းတကာ့အကောင်းဆုံးဖော်စပ်ထားတဲ့ Branded ရေမွှေးတွေကို Mercury ရဲ့ အထူးစျေးရောင်းပွဲမှာ ဝင်ရောက်အားပေးနိုင်ပါပြီ။

ရေမွှေးများလေ့လာရန်