New Born Diaper Tips

New Born Diaper Tips

ဗဟုသုတမျှဝေခြင်း (Knowledge Sharing)

မွေးကင်းစ ဘေဘီလေးတွေအတွက် Diaper သုံးမယ်ဆိုရင်
-    မွေးကင်းစကလေးတွေက တစ်နေ့ကို ၁၀ ကြိမ်ကနေ ၁၅ ကြိမ်လဲလှယ်ပေးရပါတယ်။
-    မလဲခင်နဲ့ လဲပြီးတိုင်းမှာ လက်ကို ဆေးကြောပါ။
-    ကလေးကို ညီညာကြမ်းပြင်ရှိတဲ့ ခုံသို့ ကြမ်းခင်းပေါ်မှာထားပါ။
-    မြင့်တဲ့နေရာမှာတင်ပြီးလဲမယ်ဆိုရင် လက်တစ်ဖက်နဲ့အမြဲထိမ်းထားဖို့လိုပါတယ်။
-    အနံ့မပါတဲ့ ‌ရေစိုတစ်ရှူး၊ ဂွမ်းလုံးအသုံးပြုပေးဖို့လိုပါတယ်။ အေးတဲ့အချိန်တွေမှာဆိုရင် ကြက်သီးနွေးရေအပူချိန်နဲ့အသုံးပြုပေးဖို့လိုပါတယ်။
-    ပေါင်ဒါကို မွေးကင်းစကလေးတွေအတွက် မသုံးရပါဘူးနော်။
-    ကလေးအိပ်နေတုန်းလဲပေးတယ်ဆိုရင်တော့ မနိုးသွားအောင် ဂရုစိုက်ပေးနော်။
-    မီးမီးလေးတွေကို လဲပေးမယ်ဆိုရင်တော့ ပိုးမွှားတွေ ဆီးလမ်းကြောင်းကို မထိခိုက်ရအောင်လို့ သန့်ရှင်းရေးကို အရှေ့ကနေ အနောက်ကိုပဲလုပ်ပေးပါ။
-    သားသားလေးတွေကိုတော့ ဂျိုးဂျိုးလေးတွေကို အောက်ဖက်ပုံစံထားဝတ်ပေးဖို့လိုအပ်ပါတယ်။ အပေါ်ယံအဖုံးအကာလေးကိုလည်း မဆွဲရဘူးနော်။
-    သေးခံအသုံးများလို့ အပူလောင်တာထက် အသုံးမတတ်လို့ အပူလောင်တာရှိတဲ့အတွက် -သေးခံအရောင်ပြောင်းတာနဲ့လဲလှယ်ပေးပါ - ကလေးကိုဆပ်ပြာမသုံးပါနဲ့ - လဲတဲ့အခါတိုင်း ၁၅ မိနစ်ခန့် လေသလပ်ပေးပါ။ - သန့်ရှင်းခြောက်သွေ့သွားတာနဲ့ အစိုဓါတ်ထိန်းခရမ်သို့ ဇင့်ပါတဲ့အဆီလိမ်းပေးပါ။ -ချည်သားပိတ်ကိုထပ်ပြီးဝတ်ပေးပါ။ လေလုံတဲ့ဘောင်းဘီထပ်ဝတ်ပေးတာရှောင်ပါ။ - အပူလောင်တဲ့အချိန်တွေမှာ အသုံးမပြုဘဲရပ်ထားပေးဖို့လိုပါတယ်။

အခုဆိုရင် သိထားသင့်တဲ့အချက်တွေကို ပြည့်ပြည့်စုံစုံရေးပေးထားပါတယ်။

ကလေးသေးခံဝယ်ယူရန်