Covid ဖြစ်ပြီးသူတွေမှာ မေ့မေ့လျော့လျော့ဖြစ်တာ၊ ကိုယ်ခံအားကျဆင်းလာတာနဲ့ ညဘက်အိပ်မပျော်ခြင်းကဲ့သို့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံစားကြရလေ့ရှိပါတယ်။
သင်ကိုယ်တိုင်လည်း Covid နဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရသူတစ်ဦးဆိုရင်တော့ ဒီဆောင်းပါးဟာ သင့်အတွက်အသုံးဝင်မှာ အသေအချာပါပဲ။
သာမန်လူတွေဟာ Covid symptoms တွေကနေ ၁ ပတ်ကနေ ၂ ပတ်အတွင်း ပြန်လည်သက်သာလာကြပေမယ့် ရှားပါးဖြစ်စဥ်တွေမှာတော့ နောက်ဆက်တွဲလက္ခဏာတွေဟာ ၆ ပတ်လောက်အထိ ကြာရှည်နိုင်ပါတယ်။ Covid ရောဂါပိုးဟာ နှလုံး၊ ကျောက်ကပ်၊ အသည်းနဲ့ အာရုံကြောလုပ်ဆောက်ချက်တွေကိုပါ ထိခိုက်နိုင်တာကြောင့် Covid ဖြစ်ပြီးသူတွေအနေနဲ့ သမမျှတတဲ့ ဘဝနေထိုင်မှုပုံစံကို လိုက်နာကျင့်သုံးနိုင်ဖို့ရာ မျှဝေပေးလိုက်ရပါတယ်။
-အစားကိုသင့်တင့်မျှတစွာစားပါ။
Covid ဖြစ်ပြီးတဲ့အခါ အစားအသောက်ပျက်လေ့ရှိပါတယ်။ ဒါ့ကြောင့် ကိုယ့်အနေနဲ့ ခံတွင်းမတွေ့ဘူးဆိုရင်တောင်မှ အစာအုပ်စုတွေကို မျှမျှတတစုံစုံလင်လင်စားပေးသင့်ပါတယ်။ အစာအာဟာရဟာ ကိုယ်ခန္ဓာအတွက် အရေးပါတဲ့ စွမ်းအင်အရင်းအမြစ်ဖြစ်လို့ နေ့စဥ်သင့်တင့်မျှတစွာ စားသုံးခြင်းဟာ သင့်ကိုကျန်းမာကောင်းမွန်စွာ နေထိုင်နိုင်ဖို့ အထောက်အကူပြုပါလိမ့်မယ်။
-အိပ်စက်ချိန်မှန်ပါစေ။
လူတစ်ယောက်ဟာ ပျမ်းမျှ ၇နာရီကနေ ၉နာရီကြား အိပ်စက်ချိန်ရှိသင့်ပါတယ်။ သုတေသီတွေရဲ့အဆိုအရ လုံလောက်စွာအိပ်စက်ခြင်းမရှိသူတွေဟာ ကူးစက်ရောဂါပိုးတွေကို တိုက်ထုတ်တဲ့နေရာမှာ စွမ်းဆောင်ရည်ကျဆင်းကြတယ်လို့ ဆိုပါတယ်။ သင့်အနေနဲ့ ညဘက်မှာကောင်းကောင်းအိပ်မပျော်ဘူးဆိုရင် sleeping aid လို့ခေါ်တဲ့ အိပ်ပျော်ဖို့အကူအညီပေးနိုင်တဲ့ နည်းလမ်းတွေကိုကျင့်သုံးတာ၊ Screen time လျှော့တာ၊ အိပ်ယာဝင်ခါနီးမှာ သံဇဥ်လေးတွေနားထောင်ပေးတာ အစရှိသဖြင့် ပြုလုပ်ပေးလို့ရပါတယ်။
-လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ပေးတာဟာလည်း သွေးလည်ပတ်မှုကောင်းမွန်စေပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီရဲ့ လုပ်ငန်းဆောင်တာတွေကို အထောက်အကူပြုပေးပါတယ်။
-ရေများများသောက်ပါ
Covid ဖြစ်ပြီးတဲ့အခါ ချောင်းခြောက်ဆိုးတာ၊ လည်ချောင်းနာတာတွေ ကျန်ခဲ့တတ်ပါတယ်။ ဒီအခါမှာ ခန္ဓာကိုယ်ကို ရေဓာတ်လုံလောက်အောင် ဖြည့်တင်းပေးဖို့လိုအပ်လာတာမို့ တစ်နေ့ကို ရေ 1.5 လီတာကနေ 2 လီတာအတွင်း ပျမ်းမျှသောက်သုံးသင့်ပါတယ်။ ကိုယ်က ရေသောက်နည်းတဲ့သူဆိုရင်လည်း ဓာတ်ဆားရည်၊ Fruit Juice နဲ့ လတ်လတ်ဆတ်ဆတ် အသီးအနှံတွေကို စားသုံးပေးလို့ရပါတယ်။
-စိတ်ကျန်းမာအောင်ထားပါ။
ခန္ဓာကိုယ်က ဗိုင်းရပ်စ်ကို တိုက်ထုတ်ပြီးခါစမှာ ပင်ပန်းနွမ်းနယ်ပြီး စိတ်သွားတိုင်းကိုယ်မပါ ဖြစ်နေတတ်ပါတယ်။ မကြာခဏစိုးရိမ်ပူပန်တတ်တာ၊ စိတ်ဖိစီးမှုများတာတွေဟာ ကိုဗစ်ရဲ့နောက်ဆက်တွဲလက္ခဏာရပ်တွေဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ မဖြစ်ဘဲ ကောင်းမွန်တဲ့အလေ့အကျင့်လေးတွေပျိုးထောင်ပြီး စိတ်ကျန်းမာအောင်ထားဖို့ကလည်း အရေးကြီးပါတယ်။ တရားထိုင်တာ၊ သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောတာ၊ ဝါသနာအသစ်အဆန်းလေးတွေရှာဖွေတာ အစရှိသဖြင့် စိတ်အပြောင်းအလဲလေးဖြစ်သွားအောင် သေးငယ်တဲ့အရာလေးတွေကနေတဆင့်လည်း စတင်လို့ရပါတယ်။
-ဖြည့်စွက်စာစားပေးပါ
Covid ဖြစ်ပြီးသူတွေမှာ ခုခံအားနည်းပြီး မကြာခဏ အဖျားဝင်တာ၊ အားအင်ကုန်ခမ်းတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်နဲ့သင့်တော်တဲ့ ဖြည့်စွက်အာဟာရတွေကို ပုံမှန်မှီဝဲပြီး ကျန်းမာကောင်းမွန်တဲ့ နေထိုင်မှုပုံစံကို ဖြည်းဖြည်းချင်း တည်ဆောက်ယူကြရမှာပဲ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်ပြီး ဘေးထွက်ဆိုးကျိုးမရှိတဲ့ ဖြည့်စွက်အာဟာရဆိုရင်တော့ Medium-Chain Triglycerides (MCTs) ပါဝင်တဲ့ COCOHEALTH Extra Virgin Coconut Oil (ဆေးအုန်းဆီ) ကို ထောက်ခံချက်ပေးချင်ပါတယ်။
Link; mercury.shopping
အခုလို Covid ဖြစ်ပြီးသူတွေအနေနဲ့ ကိုဗစ်အလွန်မှာ လိုက်နာကျင့်သုံးသင့်တဲ့ နည်းလမ်းလေးတွေကို မျှဝေပေးခဲ့တာကြောင့် စာဖတ်သူတွေအနေနဲ့လည်း ဗဟုသုတရရှိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျန်းမာခြင်းနဲ့အတူ ယှဥ်တွဲနေထိုင်နိုင်ဖို့ အလေ့အကျင့်ကောင်းလေးတွေကို ပြုစုပျိုးထောင်ဖို့ မမေ့နဲ့နော်။