သင့်အသားအရေနဲ့လိုက်ဖက်တဲ့ Skin Products တွေ ရွေးချယ်တတ်ပြီလား?

သင့်အသားအရေနဲ့လိုက်ဖက်တဲ့ Skin Products တွေ ရွေးချယ်တတ်ပြီလား?

ဖက်ရှင်နှင့်မိတ်ကပ် (Fashion & Makeup)

“ဟိုနေ့က မိတ်ကပ်လေးဝယ်လိုက်တာ ဈေးကြီးပေးရပြီးမှ မျက်နှာမှာအဆီတွေပြန်နေတော့ သုံးရတာအဆင်မပြေဘူးရယ်”

ဒီလိုပြဿနာတွေကို ကိုယ်တွေလို Skin lovers တွေ ကြုံဖူးနေကြပဲဟုတ်?

Skincare ပဲဖြစ်ဖြစ် Cosmetics ပဲဖြစ်ဖြစ် ကိုယ့်အသားအရေ (Skin Type) နဲ့ လိုက်ဖက်တာကိုပဲ ရွေးချယ်သင့်ပါတယ်။ Skin Type အလိုက် အကြံပြုချက်လေးတွေကို ရေးသားဖော်ပြပေးလိုက်တယ်နော်။

Skin Products အမျိုးအစားအစုံအလင်ကိုတော့ ဒီလင့်လေးမှာ ဝင်‌ရောက်ကြည့်ရှုနိုင်ပါတယ်။ Link; mercury.shopping 

Normal skin

-Normal Skin ဆိုတာကတော့ အသားအရေခြောက်တဲ့ဘက်လည်းမသွား၊ အဆီပြန်တဲ့ဘက်လည်းမသွားတဲ့ Skin Type တစ်မျိုးပါ။ ဒါ့ကြောင့် Normal Skin ကိုပိုင်ဆိုင်ထားတဲ့သူတွေက Skin Hydration နဲ့ Cleansing steps တွေကို ပုံမှန်လုပ်သွားမယ်ဆိုရင်ပဲ ကျန်းမာတင်းရင်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါပြီ။

Dry Skin

-Skin pH level 5.5 နဲ့ အထက်ကိုတော့ Dry Skin လို့ သတ်မှတ်လို့ရပါတယ်။ အသားအရေရဲ့ အတွင်းပိုင်းအလွှာတွေမှာ ရေဓာတ်လုံလောက်စွာမရရှိတဲ့အခါ အသားအရေတွေခြောက်သွေ့လာပြီး Dry Skin ဖြစ်လာပါတယ်။ ရာသီဥတုဒဏ်ကြောင့်လည်းဖြစ်နိုင်ပြီး စိတ်ဖိစီးမှုနဲ့ Natural moisturising factors (NMFs) လို့ခေါ်တဲ့ အသားအရေအတွက်လိုအပ်တဲ့ အာဟာရတွေ မလုံလောက်မှုကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် Dry Skin သမားတွေဟာ အဆီအနှစ်ပါတဲ့ Skin products တွေကို အသားပေးရွေးချယ်သင့်ပါတယ်။Moisture၊ Vitamin C ပါတဲ့ products တွေ၊ Ultra Hydrating Lotion တွေ၊ Body Oil နဲ့ Body Butter တွေကို အဓိကထားပြီး သုံးပေးသင့်ပါတယ်။

Oily skin

-အဆီပြန်တတ်တဲ့သူတွေကတော့ comedogenic cosmetics လို့ခေါ်တဲ့ အသားအရေကို ချွေးပေါက်ပိတ်စေပြီး ယားယံစေတဲ့ Skin products တွေကို ‌ရှောင်ကြဥ်သင့်ပါတယ်။ များ‌သောအားဖြင့် အသားအရေအဆီပြန်ခြင်းဟာ ဟော်မုန်းမညီမျှမှု၊ မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်ပါတယ်။ Oily skin သမားတွေအတွက် အကြောက်ရဆုံးကတော့ ဝက်ခြံတွေနဲ့ ချွေးပေါက်တွေပါပဲ။ အချိန်တိုင်း Glow နေတာတော့ Oily skin တွေရဲ့ အားသာချက်ပေါ့။ ဒါ့ကြောင့် ကိုယ်က Oily skin သမားဆိုရင်တော့ Acne-Free products တွေ Detox Mask၊ Toner၊ Moisture တွေကို ပုံမှန်သုံးပေးသင့်ပါတယ်။

Combination skin

Combination skin သမားတွေကတော့ များသောအားဖြင့် T-zone လို့ခေါ်တဲ့ နဖူး၊ နှာခေါင်း၊ မေးစေ့တွေမှာ အဆီပြန်တတ်ပြီး အခြားသောမျက်နှာအစိတ်အပိုင်းတွေမှာတော့ ခြောက်သွေ့တာ၊ ချွေးပေါက်ကျယ်တာတွေ မျိုးစုံဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် Combination skin ကိုပိုင်ဆိုင်ထားသူတွေအနေနဲ့ကတော့ Cleanser,Toner,Moisturiser,Night cream တွေကို မျှမျှတတ သုံးစွဲပြီး အသားအရေကို ရေဓာတ်ပြည့်ဝအောင်ထားဖို့ လိုအပ်ပါတယ်။

အခုဆိုရင် Skin Type အမျိုးမျိုးနဲ့ သူတို့ရဲ့ အားသာချက်၊ အားနည်းချက်တွေကိုလည်း သိပြီးဖြစ်လို့ ကိုယ့်အသားအရေနဲ့လိုက်ပြီး မှန်ကန်တဲ့ Skin Products တွေကို ရွေးချယ်နိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။ Skincare, Makeup တွေဝယ်တဲ့အခါ Expired date, Color Tone, Day Use/Night Use စသဖြင့် သေချာလေးစီစစ်ရွေးချယ်ဖို့ မမေ့နဲ့နော်။