K drama တွေ K pop သီချင်းတွေက လူငယ်တွေကြားထဲ ခေတ်စားလာတဲ့အချိန်မှာ ကိုးရီးယားမလေးတွေလို စကတ်တိုလေးတွေဝတ်ပြီး ယုံကြည်မှုရှိရှိလှနေချင်သူတွေအတွက် Body Hair တွေဟာ အဟန့်အတားတစ်ခုဖြစ်လာပါတယ်။
ဒါကြောင့် Hair Removal Method တွေထဲမှာမှ အထိရောက်ဆုံးနဲ့ လွယ်ကူအမြန်ဆန်ဆုံးဖြစ်တဲ့ Waxing လုပ်ပြီး အမွှေးအမျှင်ဖယ်ရှားတဲ့နည်းကို သုံးလာကြပါတယ်။
ဒီနေ့မှာတော့ Mercury ရဲ့ Beauty advisor လေးက Waxing လုပ်တဲ့အခါ ဆောင်ရန်ရှောင်ရန် အချက်တွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
အရည်အသွေးကောင်း Body Wax တွေကို ဈေးတန်တန်နဲ့ ဝယ်ယူချင်ရင်တော့ ဒီလင့်ခ်လေးမှာ ဝင်ကြည့်ပေးနော်။
Link; mercury.shopping
Link; mercury.shopping
ဆောင်ရန်အချက်များ
-Body Waxing လုပ်တဲ့အခါ သုံးမယ့် wax နဲ့ ကိုယ့်အသားအရေ တည့်မတည့် အရင်စစ်ဆေးပါ။
-Step By Step သွားပါ။
Waxing လုပ်တဲ့အခါ area လေးတွေခွဲပြီး နည်းနည်းချင်း step by step လုပ်ပေးဖို့လိုပါတယ်။ အမြန်ပြီးချင်စောနဲ့ တစ်ခါတည်းဆွဲခွာတာမျိုးလုပ်လိုက်ရင် သွေးထွက်လာတာ၊ အသားအရေရောင်ရမ်းလာတာမျိုးတွေဖြစ်နိုင်လို့ပါ။
-သန့်ရှင်းမှုကိုဦးစားပေးပါ။
Beauty Salon လိုနေရာမျိုးမှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် body waxing လုပ်တဲ့အခါ သန့်ရှင်းသပ်ရပ်ပြီး Ready to use အနေအထားဖြစ်တဲ့ ပစ္စည်းတွေကိုသာ သုံးသင့်ပါတယ်။
-Know your skin
လူတစ်ယောက်နဲ့တစ်ယောက်ဟာ အသားအရေအမျိုးအစားချင်းမတူတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ skin type ကို သိထားဖို့လိုပါတယ်။ sensitive ဖြစ်တဲ့အသားအရေဟာ waxing လုပ်ပြီးတဲ့အခါ ပုံမှန်ထက် နီမြန်းတာ၊ အဖုအပိန့်လေးတွေ ထွက်လာတာ၊ ယားယံလာတာတွေဖြစ်နိုင်ပါတယ်။ ကိုယ့်အသားအရေရဲ့ အနေအထားကို သေချာသိမှသာ ဒီလိုပြဿနာတွေကို ကြိုတင်ကာကွယ်နိုင်မှာပါ။
-အသားအရေကို အစိုဓာတ်ဖြည့်ပေးပါ။
အမွှေးအမျှင်တွေ ဖယ်ရှားပြီးတဲ့အခါမှာ အသားအရေဟာ ပုံမှန်ထက်ခြောက်သွေ့လွယ်လို့ အဆီအနှစ်ပါတဲ့ Body Cream တွေ၊ Butter လိုမျိုးတွေ သုံးပေးသင့်ပါတယ်။
Shea Butter ပါဝင်တဲ့ အရည်အသွေးကောင်း Body Butter လေးသုံးချင်ရင်တော့ ဒီလင့်ခ်လေးမှာ ဝင်ကြည့်နော်။
Link; mercury.shopping
ရှောင်ရန်အချက်များ
-အနံ့ပြင်းတဲ့ Lotion, Cream တွေ အသုံးပြုတာမျိုးရှောင်ပါ။
Waxing လုပ်ပြီး ၂၄ နာရီကနေ ၄၈ နာရီအတွင်း အနံ့ပြင်းတဲ့ Body Lotion, Cream တွေ အသုံးပြုခြင်းဟာ အသားအရေကို ယားယံစေလို့ပါ။ အဲ့ဒီအစား skin moisturize လုပ်ပေးနိုင်ပြီး ဗီတာမင်ပါဝင်တဲ့ cream (သို့) butter လိုမျိုးကိုသာ သုံးပေးသင့်ပါတယ်။
-Waxing လုပ်ထားတဲ့နေရာကို ကြမ်းရှရှ အဝတ်အထည်တွေနဲ့ ထိတွေ့ခြင်းမလုပ်ရပါ။
အမွှေးအမျှင်တွေ ဖယ်ရှားပြီးတဲ့အခါ အသားအရေဟာ အထိခိုက်မခံနိုင်သေးတာကြောင့် ပေါ့ပေါ့ပါးပါး အဝတ်အစားတွေ ဝတ်ဆင်ပေးမှသာ ပွတ်တိုက်ခြင်း၊ အရေပြားရောင်ရမ်းခြင်းတွေကို ကာကွယ်နိုင်မှာပါ။
-နေလောင်မခံပါနဲ့
နေရောင်ခြည်မှာ ပါဝင်တဲ့ UV rays တွေဟာ အသားအရေမညီညာစေတာ၊ waxing area ကို ညိုမဲစေတာတွေဖြစ်တတ်လို့ Waxing လုပ်ပြီး ၂၄ နာရီကနေ ၄၈ နာရီအတွင်း နေရောင်နဲ့တိုက်ရိုက်ထိတွေ့တာကို ရှောင်ရှားသင့်ပါတယ်။
-ရေပူ (သို့မဟုတ်) ရေနွေးနဲ့ Waxing Area ကို ထိတွေ့ခြင်းကို ရှောင်ရှားပေးပါ။
-ပြင်းထန်တဲ့ အားကစား၊ လေ့ကျင့်ခန်းတွေ လုပ်လို့မရပါဘူး။
Waxing လုပ်ပြီးတဲ့အခါ အသားအရေဟာ sensitive ဖြစ်နေတာမို့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်တဲ့အခါ ဘက်တီးရီးယားနဲ့ ချွေးတွေကတဆင့် ချွေးပေါက်ပိတ်တာမျိုး၊ အသားအရေညစ်နွမ်းလာတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
အခုဆို ဆောင်ရန်၊ ရှောင်ရန်လေးတွေလည်းသိပြီးပြီဆိုတော့ Waxing လုပ်မယ့် ပျိုမေတို့အတွက်လည်း အကျိုးရှိသွားမယ်လို့ မျှော်လင့်ပါတယ်။ ယုံကြည်မှုရှိရှိ လှနိုင်ကြပါစေနော်။