January Born Gift Ideas

January Born Gift Ideas

လူမှုဘဝနေထိုင်မှုပုံစံ (Lifestyle)

January Born Gift Ideas

ဦးဦးဖျားဖျားနှစ်အစမှာမွေးတဲ့ ဇန်နဝါရီလဖွားတွေအတွက်မွေးနေ့လက်ဆောင်လေးတွေကိုစီစဉ်ပေးရအောင်ပါ။

သူတို့ကိုတော့ တစ်နှစ်လုံးစာအသုံးဝင်မယ့်လက်ဆောင်လေးတွေပေးတာက အကောင်းဆုံးဖြစ်သလို နှစ်တိုင်းလည်းကိုယ့်ကိုသတိရနေမယ့်လက်ဆောင်မျိုးလေးတွေကိုပေးသင့်ပါတယ်။ သူတို့က နှစ်အစမှာမွေးဖွားသူတွေဖြစ်တာကြောင့် မွေးနေ့လက်ဆောင်ကို တကယ်အသုံးဝင်တာကိုမှ ပေးလိုသူတွေအတွက် စဉ်းစားစရာအချက်တွေထပ်တိုးအောင် ဖော်ပြလိုက်ပါတယ်။

ပထမဆုံးအနေနဲ့အရေးကြီးတာက မွေးနေ့ဆုတောင်းကို မဖြစ်မနေ ပေးပို့ပေးဖို့ပဲဖြစ်ပါတယ်။ ပြီးရင်တော့ အမှတ်တရလက်ဆောင်လေးအတွက် စီစဉ်ပေးကြရအောင်။

တန်ဖိုးကြီးကြီးပေးချင်တယ်ဆိုရင်တော့ ဖုန်း၊ လက်တော့ပ်နဲ့ သူကြိုက်တဲ့ လျှပ်စစ်ပစ္စည်းလေးတွေကို လက်ဆောင်အနေနဲ့ပေးလို့ရပါတယ်။

ချစ်စရာကောင်းပြီး ထူးဆန်းမယ့်အမှတ်တရလက်ဆောင်လေးတွေကတော့

ဖယောင်းတိုင်

ရနံ့ကုထုံးပါဝင်တဲ့ ဖယောင်းတိုင်လေးတွေက ဈေးလည်းမနည်းသလို စိတ်ကိုကြည်လင်စေဖို့အတွက်လည်း သင့်လျှော်တဲ့လက်ဆောင်ကောင်းတစ်ခုဖြစ်ပါတယ်။ ဒီဇင်ဘာနဲ့နှစ်သစ်အကူးမှာ ပျော်ထားသူတွေအတွက် အခုချိန်က အင်အားပြည့်ဝတဲ့စိတ်သစ်နဲ့နှစ်သစ်ကိုကြိုသင့်တယ်မဟုတ်လား။

ရေမွှေး

နှစ်သစ်မှာ ရနံ့သစ်လေးနဲ့ အင်အားပြည့်ဖို့အတွက် ဆောင်းရာသီနဲ့လည်းလိုက်ဖက်ပြီး တက်ကြွတဲ့ရေမွှေးတံဆိပ်ကောင်းကောင်းလေးကိုလည်း မွေးနေ့လက်ဆောင်အဖြစ်ပေးလို့ရတယ်နော်။ တန်ဖိုးကြီးရေမွှေးတွေကိုတော့ ဒီလင့်ခ်မှာဝင်ကြည့်နော်။ (လင့်ခ်)

ကားပစ္စည်း

နည်းနည်းတော့ထူးဆန်းပေမယ့် ကားအတွက်အလှဆင်တဲ့ပစ္စည်းတွေနဲ့ အသုံးအဆောင်တွေကို လက်ဆောင်ပေးတာကလည်း မွေးနေ့ရှင်ကျေနပ်သွားစေမယ့်ဂရုစိုက်ခြင်းတစ်မျိုးပဲဖြစ်ပါတယ်။

 အသားအရေထိန်းသိမ်းတဲ့ အလှကုန်များ

ဘယ်သူမဆိုကိုယ့်ကိုလှစေချင်လို့ပေးလာတဲ့အလှကုန်ကောင်းကောင်းလေးတွေကြောင့် ဝမ်းသာကြမှာပါပဲ။ Skincare မှမဟုတ်ဘဲ နှုတ်ခမ်းနီကောင်းကောင်း၊ EyeShawdow ကောင်းကောင်းလေးတွေဆိုရင် ဝမ်းသာကြမှာပါ။ ယောက်ျားလေးတွေကလည်း အလှအပကြိုက်တတ်သူပဲမို့ သူတို့ကိုလည်း အသားအရေထိန်းသိမ်းတဲ့ပစ္စည်းလေးတွေလက်ဆောင်ပေးလို့ရပါတယ်နော်။

ဘာပေးရမလဲဆိုတာကို သေချာကြည့်ချင်တယ်ဆိုတော့ မာကျူရီရဲ့အလှကုန်နဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းနေရာမှာ ကြည့်လို့ရတယ်နော်။ (လင့်ခ်)

ဒါဆိုရင်တော့ ဇန်နဝါရီလမှာမွေးတဲ့သူတွေအတွက် အကောင်းဆုံး လက်ဆောင်လေးတွေကိုရွေးချယ်နိုင်ပြီဖြစ်ပါတယ်။ သူတို့က နှစ်အစမှာမွေးဖွားသူတွေမို့အမြဲတမ်းတက်ကြွပြီး အသစ်တွေကိုလိုလားတယ်။ အောင်မြင်မှုကိုသဘောကျပြီး တိုးတက်ပြောင်းလဲလိုသူတွေဆိုတာကိုလည်း မမေ့ပါနဲ့နော်။ ဒါကြောင့်သူတို့ကိုလက်ဆောင်ပေးမယ်ဆိုရင် ထိုင်းမှိုင်းတဲ့အရောင်ထက် တက်ကြွပြီးထင်ရှားတဲ့ အရောင်လေးတွေကိုရွေးချယ်ဖို့အရေးကြီးပါတယ်။