သားသားလေးတွေ၊ မီးမီးလေးတွေ ရက် ၁၀၀ ပြည့်ပြီဆိုတော့ ပွဲထုတ်ပြီး အမှတ်တရဓါတ်ပုံရိုက်ပေးရမဲ့အချိန်ရောက်ပါပြီ။ ဘေဘီလေးတွေက အခုဆို နို့ဝလို့ ပြည့်ပြည့်ဖြိုးဖြိုးနဲ့ငြိမ်ငြိမ်သက်သက် အိပ်နေတတ်ကြပြီးတော့ မွေးကင်းစကလို အမွေးတွေများနေတာ၊ ချက်ကြိုးမကြွေတာတွေ မရှိတော့ဘဲ ချစ်စရာအရမ်းကောင်းတဲ့အချိန်လေးဖြစ်နေပါပြီ။ ဘဝရဲ့အလှဆုံးအချိန်တွေဆိုတာ မှတ်တမ်းတင်ထားသင့်တယ်ဆိုတာကို Mercury ရဲ့ လမ်းညွှန်လေးက အကြံပြုပေးလိုပါတယ်။
ဓါတ်ပုံရိုက်ပေးမယ်ဆိုရင် ဘာတွေသိထားရမလဲဆိုတာ ကြည့်ကြည့်ရအောင်နော်။
- ဘေဘီလေးရဲ့ နေ့ခင်းပိုင်းအိပ်ချိန်ကိုမှတ်သားထားပါ။
- ဘေဘီလေးစိတ်ကြည်တတ်တဲ့အချိန်ကိုကြိုပြင်ထားကြမယ်နော်။
- ဖုန်းတွေကို အသံပိတ်ထားပါ။
- မေမေအသံကိုတော့ လိုအပ်သလိုချော့မြူဖို့သုံးမယ်နော်။
- အခန်းအပူချိန်ကို အရမ်းမပူ၊ အရမ်းမအေးဘဲ သက်တောင့်သက်သာရှိပါစေ။
- ကလေးအတွက်သုံးမဲ့အလှပစ္စည်းလေးတွေကို သေချာသန့်စင်ထားပါ။
- အရမ်းပြင်းတဲ့အလင်းဖောက်ကင်မရာတွေမသုံးရပါဘူးနော်။
- အခန်းထဲကလူအားလုံးလည်း Mask တပ်ထားဖို့လိုအပ်ပါတယ်။
- ကလေးမေမေက နဘေးကနေပြီးကိုယ်တိုင်ကလေးကိုပြင်ဆင်ပေးပါ။
- ရိုက်မဲ့ပုံစံတွေကို ကြိုပြီးရှာထားမှ မြန်မြန်ဆန်ဆန်နဲ့ ပုံလှလှလေးရမှာပါနော်။
- ကလေးနို့တိုက်ပြီးပြီးချင်းရိုက်တာမျိုးလည်းမလုပ်ရပါဘူး။
- ဘေဘီလေးနဲ့ မေမေနဲ့ ဖေဖေပါ အမှတ်တရရိုက်ဖို့မမေ့ပါနဲ့နော်။
- မေမေတို့ရိုက်မယ်ဆိုရင် နို့ခံပြားလေးတွေဆောင်ထားဦးနော်။
မေမေတို့ရဲ့ ရင်သွေးရတနာလေးတွေကို အကောင်းဆုံးပုံရိပ်လေးတွေနဲ့မှတ်တမ်းတင်ထားလို့ရပြီဖြစ်ပါတယ်။
We use cookies to improve your Shopping Experience and tailoring "Recommended for You" section. For more information, please visit mercury.shopping for our privacy policy. By clicking 'Ok, I Understood', you are giving consent to our cookies agreement. Thank you.