February Born အတွက် မွေးနေ့လက်ဆောင်ကောင်းလေးများ

February Born အတွက် မွေးနေ့လက်ဆောင်ကောင်းလေးများ

လူမှုဘဝနေထိုင်မှုပုံစံ (Lifestyle)

ဒီဖေဖော်ဝါရီကလည်း ၂၈ ရက်တည်းဆိုတော့ ၂၉ ရက်နေ့မွေးတဲ့သူတွေ ဘယ်လိုများမွေးနေ့လုပ်ကြမလဲနော်။

ရှားပါးမွေးနေ့ပိုင်ရှင်လေးတွေအကြောင်းကို ထားလိုက်ပြီး အရမ်းလှပတဲ့ ဖေဖော်ဝါရီလမှာ မွေးဖွားလာသူတွေအတွက် မွေးနေ့လက်ဆောင်လေးတွေကို ပြောပြပေးသွားပါမယ်။

မေလ်ပယ်ရွက် ဒီဇိုင်း အသုံးအဆောင်၊ အဝတ်အစားများ

မေလ်ပယ်တွေက ဖေဖော်ဝါရီရဲ့ အထိန်းအမှတ်တစ်ခုမို့ အဝါရောင်မေလ်ပယ်ပါတာကို ဘာပဲပေးပေး သူတို့နှစ်သက်ကြမှာဖြစ်ပါတယ်။

ဖေဖော်ဝါရီနဲ့ ကော်ဖီ

နွေကိုမကူးခင်မှာ ဆောင်းရဲ့နောက်ဆုံးလ ဖေဖော်ဝါရီက ကော်ဖီနဲ့လိုက်ဖက်လွန်းဖို့ ကိတ်မုန့်ပဲဖြစ်ဖြစ်၊ မွေးနေ့ရှင်ကို ကော်ဖီဆိုင်ကောင်းကောင်းကို ခေါ် သွားသွား သူတို့အရမ်းသဘောကျမှာပါ။

လည်ရှည်ဖိနပ်နဲ့ ဆောင်းတွင်းဝတ် ဖက်ရှင်များ

ဆောင်းကုန်ခါနီးလည်း ဖေဖော်ဝါရီလမှာ ဘာလိုချင်လဲဆိုရင် အနွေးထည်နဲ့ ဆောင်းရာသီအတွက်ခေတ်စားနေတဲ့ အဝတ်တစ်စုံပါပဲ။

ဖေဖော်ဝါရီ အလှတရား

အသားခြောက်တတ်သူဆို အခုချိန်မှာ အသားနုတွေတက်နေပြီဆိုတော့ Skincare လက်ဆောင်ပေးဖို့အချိန်ပါပဲ။

ချစ်သူများနေ့ကို ဆင်နွှဲခြင်း

ဖေဖော်ဝါရီလမှာ ချစ်သူများနေ့ရှိနေပေမဲ့ မွေးနေ့ရှင်ကို ဆင်နွှဲပေးမယ့်သူမရှိဘူးဆိုရင်တော့ သူငယ်ချင်းကို အဖော်ပြုပေးလိုက်ပါနော်။ သူတို့အတွက် ပိုအထီးကျန်တတ်ကြလို့ပဲဖြစ်ပါတယ်။

ဖေဖော်ဝါရီက လူတိုင်းအတွက် အရမ်းလှပတဲ့လလေးပါပဲ။ သင်ကော ဖေဖော်ဝါရီလမှာ မွေးဖွားတဲ့ နွေးထွေးတဲ့လူတစ်ယောက်ပဲလား။ ?