ဗယ်လ်တိုင်း ရောက်ရင် ကိုယ့်ချစ်ချစ်ကို ဘာတွေပေးရမလဲဆိုတာက တစ်ယောက်နဲ့တစ်ယောက်အကြိုက်မတူကြသလို ကိုယ်သဘောကျတဲ့သူကို ကိုယ်ပဲအသိဆုံးဖြစ်မှာဆိုတော့ မာကျူရီရဲ့အကြံပေးလေးက လက်ဆောင်ပစ္စည်းတွေကို အကြံမပေးပါတော့ဘဲ ချောကလက်၊ ပန်းစည်း နဲ့ လက်ဆောင်တွေနဲ့အတူ အဓိက ရေးသင့်တဲ့ အချက် (၃)ချက်ကိုပြောပြပေးပါမယ်။
သီချင်းစာသား
ကိုယ်ရဲ့ခံစားချက်နဲ့တူတဲ့ စကားလုံးတွေနဲ့ အသင့်ရေးဖွဲ့ပေးထားတဲ့ သီချင်းတွေရှိနေရင် သီချင်းစာသားလေးထည့်ရေးလိုက်ပါ။
“I found a love for me…”
“You are the reason why…”
“နောက်ဆုံးတော့ မင်းနဲ့မှ ချစ်တတ်ပြီပေါ့...” စသည်ဖြင့် လူသိများတဲ့ သီချင်းစာသားလေးတွေက ကိုယ်သဘောကျတဲ့သူ ပြန်ကြားလိုက်တိုင်း သင့်အကြောင်းကိုပဲ သတိရသွားစေမှာပါနော်။
နှစ်ယောက်တည်းသိတဲ့အမှတ်တရ
အမှတ်တရတစ်ခုကို သူတင်မကဘူး ကိုယ်ကလည်း မှတ်မိနေပါတယ်ဆိုပြီး ပြောပြပေးတာကလည်း ခံစားချက်တွေကိုလေးနက်စေမှာအမှန်ပါပဲ။ သူ့ကို ရင်ထဲရှိနေတဲ့အကြောင်းကို ပိုကျိန်းသေသွားစေတာပေါ့။
သူ့အတွက် အနာဂါတ်မှာ ရည်စူးထားတာတွေ
ဘဝရဲ့လမ်းကြောင်းမှာ လက်တွဲဖော်လို့ နစ်နစ်နဲနဲခံစားချက်ကိုပြပေးတာကလည်း ချစ်သူတွေကြားမှာ လိုအပ်တဲ့အချက်လေးပဲဖြစ်ပါတယ်။ “အနာဂါတ်မှာ မြောက်ဝင်ရိုးစွန်းထိ ခရီးထွက်ကြမယ်” စသည်ဖြင့် ထည့်ပြောပေးတာကလည်း တွဲလက်တွေခိုင်မြဲစေတဲ့နည်းပါပဲ။
ကိုယ့်ရဲ့ နှလုံးသားတစ်ခြမ်းနဲ့အတူ ကြည်နူးနှစ်သိမ့်စရာ ဗယ်လ်တိုင်းလေးဖြစ်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။ လက်ဆောင်ပစ္စည်းပါ ဘာပေးရမှန်းမသိသေးရင်တော့ Mercury.shopping မှာ ချစ်သူများနေ့အတွက် ပစ္စည်းကောင်းကောင်းလေးတွေကို အထူးရောင်းပေးနေပါတယ်နော်။
We use cookies to improve your Shopping Experience and tailoring "Recommended for You" section. For more information, please visit mercury.shopping for our privacy policy. By clicking 'Ok, I Understood', you are giving consent to our cookies agreement. Thank you.