သဘာဝပစ္စည်းများနဲ့ မျက်နှာအသားအရေကို ထိန်းသိမ်းမယ်

သဘာဝပစ္စည်းများနဲ့ မျက်နှာအသားအရေကို ထိန်းသိမ်းမယ်

ဖက်ရှင်နှင့်မိတ်ကပ် (Fashion & Makeup)

ဓါတုပစ္စည်းတွေကြောင့် ကမ္ဘာကြီးက Polluted ဖြစ် ညစ်နွမ်းလာရသလိုပဲ မျက်နှာပေါ် ကယ်လ်မီကယ်တွေ အတင်များပြီးတော့ မကြည်မလင်ဖြစ်နေပြီလား???

အိမ်မှာနေရင်းနဲ့ Spa ရောက်နေသလိုမျိုး သဘာဝပစ္စည်းတွေနဲ့ မျက်နှာအသားအရေကို ထိန်းသိမ်းကြမယ်။

အဆင့် -၁ မိတ်ကပ်တွေကိုဖယ်ရှားပါ။

• အအေးနည်းနဲ့ထုတ်ထားတဲ့အုန်းဆီအနည်းငယ်ကိုယူပြီး လက်ဖဝါးထဲမှာနွေးလာတဲ့အထိ ပွတ်လိုက်ပါ။

• မိတ်ကပ်တွေအရည်ပျော်သွားတဲ့အထိ လက်ချောင်းများနဲ့ညှင်သာစွာ နှိပ်နယ်ပေးပါ။

• မိတ်ကပ်တွေပျော်သွားပြီဆိုရင်တော့ ရေနဲ့စင်ကြယ်အောင် သန့်စင်ပါ။

အဆင့် -၂ မျက်နှာဆေးမယ်။

• နွားနို့အစိမ်းနဲ့ ပျားရည်နှစ်ဇွန်းစီကိုရောမွှေလိုက်ပါ။

• မျက်နှာပေါ်ကို တင်ပြီး ၂ မိနစ်ထိကြာအောင် ဖွဖွလေးပွတ်ပေးပါ။

• မပူမအေးတဲ့ရေနဲ့ သန့်စင်ပါ။

- ဒီ မျက်နှာဆေးနည်းက အဆီပြန်တဲ့အသားအရေအတွက် အထူးသင့်တော်ပါတယ်။

အဆင့်-၃ ရေနွေးငွေ့နဲ့ပေါင်းခံမယ်။

• အငွေ့ထွက်အောင်ဆူတဲ့ရေကိုယူပါ။

• ရေနွေးခွက်နဲ့ မျက်နှာကို တစ်ပေအကွာမှာထားပြီး ပုဝါဖြင့်အုပ်ပြီး အငွေ့ကို ၅ မိနစ်ထိ တိုက်ရိုက်ထိပေးပါ။

- မျက်နှာကို ရေနွေးငွေ့နဲ့ အရမ်း မနီးကပ်အောင်တော့သတိထားဖို့လိုအပ်ပါတယ်နော်။

အဆင့်- ၄ မျက်နှာကို ဂျီးချွတ်မယ်

• ကော်ဖီမှုန့် တစ်ဇွန်း နဲ့ ဒိန်ချဉ် သုံးဇွန်းကိုရောမွှေပါ။

• မျက်နှာနဲ့ လည်ပင်းကိုနှံစပ်အောင် ၅ မိနစ်ခန့် အသာအယာပွတ်တိုက်ပါ။

• ရေနွေးနွေးလေးနဲ့ဆေးချပြီး မျက်နှာကိုခြောက်အောင်ထားပါ။

- Skin cell တွေ ထိခိုက်သွားတဲ့အထိ ပွတ်တိုက်တာမျိုးကိုရှောင်ကျဉ်ပါနော်။

အဆင့် -၅ မျက်နှာပေါင်းတင်ပါမယ်

• ငှက်ပျော်သီး တစ်ခြမ်း၊ ပျားရည်နှစ်ဇွန်းနဲ့ နို့စိမ်းတစ်ဇွန်းကို ရောစပ်ပါ

• ၁၅ မိနစ်လောက် မျက်နှာပေါ်မှာ တင်ထားပေးပြီး ပေါင်းတင်ပါ။

• ရေနဲ့သေချာ စင်ကြယ်အောင်ဆေးပါ။

အဆင့်- ၆ အသားအရည်ကို ပြန်ထိန်းညှိခြင်း

• သခွားသီးအရည်နဲ့ နှင်းဆီရည်ကို နှစ်အချိုးတစ် ရောစပ်ပြီး မျက်နှာကို ဖြန်းပေးပါ။

• ရေခဲ့သေတ္တာထဲမှာ ၃ ရက်အထိ သိမ်းထားလို့ပါတယ်။

အဆင့်-၇ အစိုဓါတ်ပေးခြင်း

• ပုံမှန်အသားအရေနဲ့ အဆီပြန်တတ်သူများအတွက် ရှားရှောင်းလက်ပတ် အဆီအနှစ်ကို အစိုဓါတ်ထိန်းဆေးအဖြစ်သုံးနိုင်ပါတယ်။

• ခြောက်သွေ့အသားအရေနဲ့ အထိအခိုက်မခံတဲ့အသားအရေများအတွက် အအေးနည်းနဲ့ထုတ်ထားတဲ့အုန်းဆီကို လိမ်းပေးလို့ရပါပြီနော်။