Ways to boost your energy

Ways to boost your energy

ဗဟုသုတမျှဝေခြင်း (Knowledge Sharing)

တစ်နေ့တာကို စတင်ဖို့ လုံလုံလောက်လောက်ခွန်အားမရှိသလို ခံစားနေရပါသလား။ ဒီနေ့မှာတော့ Mercury ရဲ့ advisor လေးက ခန္ဓာကိုယ်ကို အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပြီး အချိန်တိုင်း အားအင်အပြည့်နဲ့ လန်းဆန်းတက်ကြွနေစေမယ့် နည်းလမ်းကောင်းတချို့ကို ပြောပြပေးချင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ။

ကိုယ်လက်လှုပ်ရှားလေးကျင့်ခန်းတွေဟာ ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှုကို အားကောင်းစေတာကြောင့် အလုပ်မစခင် လေ့ကျင့်ခန်းလုပ်ပေးတာဟာ ခန္ဓာကိုယ်ကို လန်းဆန်းတက်ကြွစေပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုရင်တောင်မှ တစ်နေ့ကို မိနစ် ၃၀ လောက်တော့ လမ်းလျှောက်ဖို့ မမေ့ပါနဲ့နော်။

Sleep Schedule ထားပါ။

လူတစ်ယောက်ရဲ့ ပျမ်းမျှအိပ်ချိန်ဟာ ၇ နာရီအနည်းဆုံးရှိသင့်ပါတယ်။ ဒါမှသာ Brain function တွေကို ကောင်းမွန်စွာလည်ပတ်နိုင်မှာပါ။ သင့်အနေနဲ့ အိပ်ချိန်လုံလောက်စွာမရရှိဘူးဆိုရင် လေးလံထုံထိုင်းတာ၊ အားအင်ကုန်ခမ်းလွယ်တာနဲ့ အာရုံစိုက်ဖို့ခဲယဉ်းတာကဲ့သို့သော လက္ခဏာတွေ ခံစားနိုင်လာရခြေရှိပြီး အလုပ်ပြီးမြောက်မှုကိုလည်း အဟန့်အတားဖြစ်စေမှာ အသေအချာပါပဲ။ ဒါ့ကြောင့် ဘယ်လောက်အလုပ်များမျာ အိပ်စက်ချိန်ကိုတော့ စနစ်တကျ ပြုလုပ်ထားသင့်ပါတယ်။ အိပ်ရာဝင်ခါနီး ၁ နာရီ အလိုမှာ Screen လုံးဝမကြည့်ဘဲနေတာမျိုး၊ အိပ်ယာဝင်ခါနီး ၂ နာရီအလိုမှာ အစာနဲ့ဝေးဝေးနေတာမျိုး၊ Sleeping aid လို့ခေါ်တဲ့ အိပ်စက်ခြင်းကို အထောက်အကူပြုတဲ့ နည်းလမ်းလေးတွေကို ကျင့်သုံးလို့ရပါတယ်။

Control Stress

စိတ်ဖိစီးမှုများခြင်းဟာလည်း စွမ်းအင်ကုန်ခမ်းခြင်းရဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ သင့်အနေနဲ့ စိတ်ကြည်လင်မှုမရှိဘူးဆိုရင် တစ်နေ့တာကို လန်းလန်းဆန်းဆန်းဖြတ်ကျော်နိုင်မှာလည်းမဟုတ်သလို အလုပ်တွင်မှာလည်းမဟုတ်ပါဘူး။ ဒါ့ကြောင့် စိတ်ဖိစီးမှုကို ထိန်းချုပ်ဖို့ ကဖင်းပါတဲ့ အစားအသောက်တွေကို လျှော့စားတာ၊ ဝါသနာပါတာလေးတွေလုပ်တာ၊ အပင်စိုက်တာ၊ တိရစ္ဆာန်လေးတွေနဲ့ အချိန်ပေးပြီး ကစားတာမျိုးလေးတွေ လုပ်ကြည့်သင့်ပါတယ်။ ကြည်လင်နေတဲ့စိတ်ဟာ တစ်နေ့တာလုံးလိုအပ်တဲ့ စွမ်းအင်တွေရဲ့ အရင်းအမြစ်ပဲ မဟုတ်ပါလား။

More Water, less alcohol

အယ်လ်ကိုဟောပါဝင်တဲ့ Drink တွေကို သောက်သုံးခြင်းဟာ Rapid Eye Movement (REM) လို့ခေါ်တဲ့ အိပ်စက်ခြင်းဖြစ်စဉ်ကို နှောင့်နှေးစေပြီး ထိုမှတဆင့် မူးဝေစေတာ၊ အာရုံစူးစိုက်မှုလျော့နည်းစေတာနဲ့ စွမ်းအင်လုံလောက်စွာမရရှိတာတွေကို ဖြစ်စေပါတယ်။ တစ်နေ့တာလုံးကောင်းမွန်စွာလည်ပတ်ဖို့ဆိုရင် ခန္ဓာကိုယ်ဟာ ရေဓာတ်လုံလောက်စွာရရှိရမှာဖြစ်တဲ့အတွက် ရေများများသောက်ပေးတာ၊ အရေရွှမ်းတဲ့ အသီးအနှံတွေများများစားသုံးပေးတာဟာ ခန္ဓာကိုယ်ကို အထောက်အကူပြုတဲ့ စွမ်းအင်ပမာဏကို တိုးတက်စေပါတယ်။

Meditate

တရားထိုင်တာ၊ အသက်ရှုလေ့ကျင့်ခန်းလုပ်တာနဲ့ ယောဂလေ့ကျင့်ခန်းတွေဟာ ခန္ဓာကိုယ်ရဲ့ လည်ပတ်မှုဖြစ်စဉ်တွေကို အထောက်အကူပြုပြီး အာရုံကြောလုပ်ငန်းဆောင်တာတွေကို တိုးတက်ကောင်းမွန်စေပါတယ်။ မနက်စောစော ၁၅ မိနစ်လောက် အချိန်ပေးနိုင်ရင်ပဲဖြစ်ဖြစ် ညဘက်အိပ်ယာမဝင်ခင် နာရီဝက်လောက်အချိန်ပေးပြီးပဲဖြစ်ဖြစ် Meditate လုပ်မယ်ဆိုရင် စိတ်ကြည်ကြည်လင်လင်နဲ့ သိသိသာသာနေလို့ကောင်းလာစေမှာပဲဖြစ်ပါတယ်။

အခုမျှဝေပေးခဲ့တာကတော့ ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံအတွက် တစ်နေ့တာလုံးလိုအပ်တဲ့ စွမ်းအင်တွေကို ဘယ်လိုတိုးပွားအောင်လုပ်ဆောင်နိုင်မလဲဆိုတဲ့ အချက်လေးတွေပဲဖြစ်ပါတယ်။

လွယ်ကူရိုးရှင်းပေမယ့် အလေ့အကျင့်တစ်ခုအနေနဲ့ လုပ်ဆောင်ရတာ စိန်ခေါ်မှုဖြစ်နိုင်တာမို့ ဇွဲမလျှော့ဘဲ စနစ်တကျလိုက်နာကျင့်သုံးပြီး အောင်မြင်ပျော်ရွှင်တဲ့ ဘဝကို ကိုယ်တိုင်ဖန်တီးယူလိုက်ပါ။ ကောင်းမွန်ခြင်းတွေနဲ့ တစ်နေ့တာကိုဖြတ်သန်းဖို့ တွေဝေမနေနဲ့တော့နော်။