နွေပိတ်ရက်တွေအတွက် ရင်ခုန်နေပြီလား? စိတ်ရောကိုယ်ပါ လန်းဆန်းအပန်းပြေစေဖို့ ပိတ်ရက်တွေကို အကျိုးရှိရှိအသုံးချဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ချက်ပါပဲ။
ဒါကြောင့် Holidays မှာ ပျော်ပျော်ပါးပါးပြုလုပ်နိုင်မယ့် Activities တချို့ကို မျှဝေပေးလိုက်ပါတယ်။
1.Vacation
Holidays ဆိုတာနဲ့ Vacation ထွက်ဖို့ကို သူ့ထက်ငါအပြိုင်အဆိုင် ပြင်ဆင်ကြတာ သဘာဝပါပဲ။ ဒီလိုပိတ်ရက်တွေမှာ မိသားစုလိုက်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ခရီးအတူသွားခြင်းဟာ စိတ်အပြောင်းအလဲဖြစ်စေပြီး ဒေသန္တရဗဟုသုတတွေလည်း တိုးပွားစေနိုင်ပါတယ်။
2.စာအုပ်ဖတ်ခြင်း
အားလပ်ရက်မှာ အလင်းရောင်ကောင်းတဲ့ ပြတင်းပေါက်နား ကော်ဖီလေးတစ်ခွက်နဲ့ စာအုပ်ဖတ်ရတာဟာလည်း တန်ဖိုးဖြတ်မရတဲ့ အရသာပါပဲ။ အခန်းဆက်ဝတ္ထုရှည်တွေ၊ သမိုင်းဇာတ်ကြောင်းတွေ၊ ဘာသာရပ်ဆိုင်ရာလေ့လာစရာတွေကို အခုလိုအားလပ်ရက်မှာပိုပြီး အချိန်ပေးဖတ်နိုင်တာကြောင့် အေးအေးလူလူ အချိန်ကုန်ဆုံးရတာကို ကြိုက်နှစ်သက်တဲ့လူတွေအတွက် စာအုပ်စာပေဟာ အဖော်မွန်ကောင်းတွေဖြစ်နေမှာပါ။
သုတ၊ ရသစာအုပ်ကောင်းတွေကို ဝယ်ယူချင်ရင်တော့ အောက်ကလင့်ခ်လေးကနေ ဝယ်ယူနိုင်ပါတယ်။ mercury.shopping
3.Movie Date
Holidays activities တွေထဲမှာ movies တွေကိုလည်းချန်ထားခဲ့လို့မရပါဘူးနော်။ ချစ်ရတဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ နွေးနွေးထွေးထွေးအချိန်ကောင်းလေးကို ဖြတ်သန်းနိုင်ဖို့ Movie Date လေးက အထောက်အကူပြုနိုင်မှာပါ။
4.Home/Room Decoration
ပိတ်ရက်မှာ ကိုယ့်ရဲ့အိမ် (သို့) အခန်းကို အလှဆင်ပြီး လန်းဆန်းလတ်ဆတ်တဲ့ အသွင်ပြောင်းခြင်းဟာလည်း အကျိုးရှိတဲ့ activity တစ်ခုပါပဲ။ အခန်းအလှဆင်တဲ့နေရာမှာ indoor plants လေးတွေ၊ ကာလာနုလေးတွေနဲ့ minimalist ပုံစံလေးတွေသွားလို့လည်းရသလို ပန်းရောင်၊ အစိမ်းရောင်လေးတွေနဲ့ လူငယ်ဆန်ဆန် vibe မျိုးလေးတွေလည်း စိတ်ကြိုက်ဖန်တီးပုံဖော်နိုင်ပါတယ်။
5.Try new recipes
Foodie လေးတွေ ရှိကြလား? သင်ဟာ အစားအသောက်တွေကို နှစ်သက်သူဆိုရင်တော့ အားလပ်ရက်မှာ ဟင်းချက်နည်းအသစ်အဆန်းလေးတွေ သင်ယူကြည့်တာကလည်း စိတ်ဝင်စားစရာကောင်းမှာပါပဲ။ ရိုးရာအစားအစာလေးတွေ၊ Homemade မုန့်လေးတွေ အစရှိတဲ့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အကုန်အကျသက်သာတဲ့ recipes လေးတွေကို ကြိုးစားချက်ပြုတ်ရင်း အားလပ်ရက်ကို ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးလိုက်ပါနော်။
6.Handmade crafts
သင်ဟာတစ်စုံတစ်ခုကို အာရုံစိုက်ရတာ သဘောကျတဲ့သူဆိုရင်တော့ အားလပ်ရက်မှာ Handmade items လေးတွေ ပြုလုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ ချည်ထိုး၊ ပန်းထိုးလေးတွေ၊ အိမ်မှာကိုယ်တိုင်ပြုလုပ်လို့ရတဲ့ ဖယောင်းတိုင်လေးတွေ၊ fancy ပစ္စည်းလေးတွေ အစရှိသဖြင့် သင်နှစ်သက်ရာရာကို ကြိုးစားကြည့်နိုင်ပါတယ်။
အခုဆိုရင်တော့ အားလပ်ရက်ကို ပျော်ပျော်ပါးပါး ကုန်ဆုံးနိုင်ဖို့ Holiday activities လေးတွေကို မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပိတ်ရက်မှာ စိတ်ရောလူပါ ပေါ့ပါးလန်းဆန်းပြီး အားအင်အသစ်တွေ ရရှိနိုင်ကြပါစေနော်။