Hello Summer!
နွေရောက်ပြီဆိုတာနဲ့ ကိုယ်တွေလိုဖက်ရှင်ချစ်သူတွေ အရင်ဆုံးတွေးမိတာက ရာသီဥတုနဲ့ လိုက်ဖက်မယ့် ပေါ့ပေါ့ပါးပါး ဒီဇိုင်းတွေကို ဘယ်လိုအထာကျကျ တွဲဖက်ဝတ်ဆင်မယ်ဆိုတာပါပဲ။
ဒီနေ့တော့ Mercury ရဲ့ Advisor လေးက Summer Fashion Ideas လေးတွေကို အားလုံးနဲ့အတူဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်။
1. သဘာဝချည်ထည်တွေကို ရွေးချယ်ပါ
နွေရောင်အောက်မှာ ပေါ့ပါးလွတ်လပ်နေဖို့ဆိုရင် ရာသီဥတုနဲ့တစ်သားတည်းကျပြီး လွယ်ကူရိုးရှင်းတဲ့ချည်ထည်တွေအပြင် တခြားမရှိပါဘူး။ ချည်ထည်တွေကိုမှ အရောင်ညှို့ညှို့မှိုင်းမှိုင်းတွေမဟုတ်ဘဲ ကာလာအနုလေးတွေကို အသားပေးရွေးချယ်သင့်ပါတယ်။
ပြည်တွင်းဖြစ်ချည်ထည်လှလှလေးတွေကို ဒီလင့်ခ်လေးကနေ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ mercury.shopping
2.White Sneaker
ဘယ်တော့မှမရိုးတဲ့ နွေရာသီဖက်ရှင်ဆိုရင်တော့ sneaker အဖြူလေးတွေကိုပဲ ညွှန်ပြရမှာပါ။ သူငယ်ချင်းတွေနဲ့ Hangout သွားမလား၊ Casual Date သွားမလား? white sneaker လေးတစ်ရံသာရှိရင် Jean, Mini Skirt, Style Pant စတဲ့ outfit မျိုးစုံနဲ့ ပေါ့ပေါ့ပါးပါး တွဲဖက်ဝတ်ဆင်နိုင်မှာပါ။
3.Accessories are a must
Summer fashion ဆိုတော့ accessories တွေကိုလည်း ချန်ထားခဲ့လို့ မရပါဘူးနော်။ နေကာမျက်မှန်၊ ဦးထုပ်၊ လက်ကိုင်အိတ်၊ ပဝါလှလှလေးတွေ၊ Fancy necklace လှလှလေးတွေက သင့်ရဲ့ဖက်ရှင်စတိုင်လ်ကို ပြီးပြည့်စုံသွားစေမှာပါ။
4. Crop Top
Cute & Comfy Look ရဲ့ အရေးအကြီးဆုံးဖြစ်တဲ့ Crop Top လေးတွေကလည်း နွေရာသီဖက်ရှင်ရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ Crop Top လေးတွေကိုမှ ကိုယ်ဝတ်မယ့် outfit theme အတိုင်း High-waisted pants လေးတွေ၊ Jeans လေးတွေနဲ့ တွဲဖက်ပြီး အထာကျကျ ဝတ်ဆင်နိုင်ပါတယ်။
5.Floral dress for your effortless perfection
Effortless Look အတွက်ဆို Floral dress လေးတွေက လုံးဝကိုရွေးချယ်ရမယ့် ဖက်ရှင်ပါပဲ။ အခုနောက်ပိုင်း Instagram မှာလည်း အပေါ်က cardian အပါးလေးတွေနဲ့တွဲဝတ်တဲ့ ပေါ့ပေါ့ပါးပါးဒီဇိုင်းလေးတွေခေတ်စားလာတာကြောင့် သင့်အနေနဲ့ Floral Dress လေးတစ်ထည်တော့ ဒီနွေမှာ မဖြစ်မနေကို ဝယ်ထားသင့်တယ်နော်။
ဈေးသင့်ပြီး ဒီဇိုင်းစုံတဲ့ Floral Dress လေးတွေကိုတော့ ဒီလင့်ခ်လေးကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
6.T-shirt
Summer Fashion ဆိုတာနဲ့ ပြေးမြင်မိတာက ပေါ့ပေါ့ပါးပါး T- shirt တွေပါပဲ။ အိမ်မှာ မဝတ်ဖြစ်တဲ့ ရှပ်အင်္ကျီတွေရှိရင်တော့ ဒီလိုနွေရာသီမှာ ပြည့်ပြည့်ဝဝကို အသုံးချလိုက်တော့နော်။ T-shirt အဖြူလေးနဲ့ ဂျင်းလေးတွဲဝတ်လည်းရသလို၊ style pants လေးတွေနဲ့ဆိုလည်း လိုက်ဖက်နေတာမို့ Basic Fashion အနေနဲ့ T-shirt လေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
အမျိုးသားဝတ် Great Collection က ရှပ်အင်္ကျီမျိုးစုံကိုတော့ အောက်ကလင့်ခ်လေးမှာ ဝင််ရောက်ကြည့်ရှုနိုင်ပါတယ်။
ဖက်ရှင်ဆိုတာ လူတစ်ယောက်ကိုကိုယ်စားပြုတဲ့ ပြယုဏ်တစ်ခုပါပဲ။ ဈေးကြီးတဲ့အဝတ်အစား၊ အသုံးအဆောင်တွေရှိမှမဟုတ်ဘဲ ပေါ့ပေါ့ပါးပါး items လေးတွေနဲ့လည်း ဖက်ရှင်ကျကျ ဝတ်ဆင်လို့ရတာမို့ ဒီနွေရာသီမှာ အတောက်ပဆုံးဖက်ရှင်တွေနဲ့ ယုံကြည်မှုတွေတိုးစေဖို့ Summer Fashion Ideas တွေကို မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။
"Be beautiful.Be stylish. Be you"