ကိုယ်ဝန်ဆောင်မေမေတို့ရဲ့ နောက်ဆုံးသုံးလတာမှာ ဘာတွေစားမလဲ???

ကိုယ်ဝန်ဆောင်မေမေတို့ရဲ့ နောက်ဆုံးသုံးလတာမှာ ဘာတွေစားမလဲ???

ဗဟုသုတမျှဝေခြင်း (Knowledge Sharing)

ကိုယ်ဝန်ဆောင်မေမေတို့ရဲ့ နောက်ဆုံးသုံးလတာမှာ ဘာတွေစားမလဲ???

ကိုယ်ဝန်ဆောင်တဲ့အမျိုးသမီးတွေမှာ ရှေ့သုံးလ၊ နောက်သုံးလ သတိထားရမယ်လို့ လူကြီးတွေပြောတာကြားဖူးကြမှာပါ။ ကိုယ်ဝန်ဆောင်တွေရဲ့ ရှေ့ပိုင်းသုံးလတာကာလတာကတော့ ကလေးတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တည်ဆောက်တဲ့အချိန်ဖြစ်လို့အရေးကြီးသလို နောက်ဆုံးသုံးလ ကာလကတော့ မျက်လုံးလည်းပွင့်နေပြီ၊ လက်သည်းတွေလည်းစပြီးဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်။ အဆုတ်နဲ့နှလုံးကောင်းစွာအလုပ်လုပ်ပြီး ပြင်ပကမ္ဘာမှာအသားကျနိုင်အောင် ကြိုးစားရတဲ့ကာလဖြစ်လို့ပိုလို့တောင်အရေးကြီးတဲ့အချိန်ဖြစ်ပါတယ်။ မေမေတွေကလည်း နှစ်ဝက်လောက်လွယ်လာရပြီဆိုတော့ အထိုင်အထ၊အသွားအလာပိုဂရုစိုက်ရမယ့်အချိန်ဖြစ်နေပြီပဲဖြစ်ပါတယ်။

အစားအစာအနေနဲ့ဘယ်လိုအာဟာရတွေစားပေးဖို့လိုမလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။

ပထမဦးဆုံးအရေးကြီးတာကတော့

- အသီးအနှံ

- ဟင်းသီးဟင်းရွက်

- အသား

- ကောက်ပဲသီးနှံ

- အဆီထုတ်ထားတဲ့နွားနို့

- ကောင်းမွန်တဲ့အဆီ တွေကိုမျှတစွာစားဖို့လိုအပ်ပါတယ်။

နောက်ထပ်လိုအပ်တဲ့ ဗီတာမင်တွေကတော့

ဗီတာမင်အေက ကလေးရဲ့ အရိုးတွေ ကြီးထွားလာအောင် ကူညီပေးပါတယ်။ အရေပြားနဲ့ အမြင်အာရုံကိုလည်း ထောက်ပံ့ပေးတယ်။ ကလေးရဲ့ မျက်လုံးတွေ ပွင့်နေပြီး အလင်းကိုစတင်ရှာဖွေနိုင်ပါတယ်။

ဗီတာမင် A ကိုတော့ ငါး၊ နို့ထွက်ပစ္စည်းများ၊ ကြက်သွန်ဖြူ၊ ဟင်းနုနွယ်၊ ကန်စွန်းဥ တွေမှာတွေ့ရပါတယ်။

ဗီတာမင်စီက သံဓါတ်စုပ်ယူမှုမှာကူညီပေးတယ်။ ဒါ့အပြင် သင့်ကလေးရဲ့ သွားတွေ၊ သွားတွေနဲ့ အရိုးတွေကို ကျန်းမာစေတယ်။ မိခင်ရဲ့ ကိုယ်ခံအားစနစ်အတွက်လည်း လိုအပ်ပါတယ်။

ဗီတာမင် စီ ကို ရှောက်သီး၊ သံပုရာသီးတို့အပြင် ကီဝီ၊ စတော်ဘယ်ရီ၊ အနီရောင်နှင့် အစိမ်းရောင် ငရုတ်ပွနဲ့ ပန်းဂေါ်ဖီအစိမ်းတို့ကနေရရှိနိုင်ပါတယ်။

ဗီတာမင် B6 သည် သွေးနီဥ များ နှင့် ဦးနှောက် ဖွံ့ဖြိုး တိုးတက် ရေး အတွက် အရေးပါ သော အာဟာရ ဓာတ် တစ်ခုဖြစ်ပါတယ်။ ငှက်ပျောသီး၊ အမဲသား၊ ငါး၊ အာလူးကဲ့သို့ အစေးဓါတ်များသည့် ဥများများ၊ ကောက်နှံတွေမှာ အများဆုံးရှိပါတယ်။

ဗီတာမင် B12 သည် နဗ်ကြောစနစ်ကို ခိုင်ခံ့စေပြီး သွေးနီစက်များ တည်ဆောက်ရန် ကူညီပေးပါတယ်။

အမဲအသည်း၊ ငါး၊ အသားများ၊ နို့ထွက်ပစ္စည်းများ၊ ကြက်ဥတွေကနေပြီးရရှိနိုင်ပါတယ်။

ဗီတာမင်ဒီက မိခင်နှင့်ကလေးကိုပါ ကယ်လ်စီယမ်ရရှိနိုင်ဖို့ ကူညီပေးပါတယ်။ အရိုးများနှင့် သွားများကို ခိုင်ခံ့စေသည်။

ဆာမွန်ငါးလို အဆီများတဲ့ ငါးတွေ၊ ကြက်ဥ၊ ဒိန်ချဥ်တွေကိုစားပေးဖို့လိုအပ်ပါတယ်။

ကလေးရဲ့ အရိုးနဲ့သွားတွေ ပိုမာကြောလာဖို့အတွက် ကယ်လ်စီယမ်လိုအပ်ပါတယ်။

နို့ထွက်ပစ္စည်းများ၊ ဘရိုကိုလီ၊ အရိုးပါစားလို့ ရတဲ့ ငါးလေးတွေကို စားပေးဖို့လိုအပ်ပါတယ်။

ကျန်းမာတဲ့ကလေးလေးတွေ မွေးဖွားနိုင်ကြပါစေနော်။