သင်မသိလောက်တဲ့ ပစ္စည်းတွေရဲ့ ကုန်ဆုံးရက်များ
၁။ အလှကုန်ပစ္စည်းများ
မျက်လုံးနဲ့ မျက်တောင်အလှကုန်တွေကို သုံးလ
နှုတ်ခမ်းနီတောင့်တွေက တစ်နှစ်
လက်နဲ့ယူသုံးရတဲ့ မိတ်ကပ်၊ ခရမ်တွေက ခြောက်လ
ညစ်ဘူးနဲ့သုံးရတဲ့ မိတ်ကပ်ပစ္စည်းတွေက နှစ်နှစ်
ပါးနီ၊ ပေါင်ဒါမှုန့်တွေက နှစ်နှစ် လို့ဆိုပါတယ်။ သက်တမ်းကုန်တဲ့အခါ အရောင်၊ အနံ့၊ အရသာ ပြောင်းလာမယ်။ ဒါပေမဲ့ အချို့ပစ္စည်းတွေက အလွယ်တကူမသိနိုင်ဘဲ အာသိသင်မပြတော့တာ၊ ဆိုးဆိုးဝါးဝါးယားယံတာ စတဲ့အချိန်မှာ သိရတတ်တာမျိုးလည်းရှိလို့ ပစ္စည်းတွေကို စပြီးဖွင့်ဖောက်တဲ့ လပိုင်းက မမေ့တမ်းမှတ်ထားဖို့လိုပါလိမ့်မယ်နော်။
၂။ အဝတ်အထည်များ
ခြေအိတ်များ ခြောက်လ
အတွင်းခံများ ခြောက်လ
အိမ်နေရင်းတီရှပ်များ တစ်နှစ်
အားကစားဖိနပ်များ မိုင် ၃၀၀ လို့ဆိုပါတယ်။ တကယ်တော့ အဝတ်တွေကို လဲလှယ်ပေးဖို့လည်းအရေးကြီးပါတယ်။ သင့်ရဲ့ ခန္ဓာကိုယ်က ချွေးနဲ့အတူ အဆီကိုစွန့်ထုတ်နေတာပါ။ အဲ့ဒါကြောင့် အဆီနဲ့ထိတွေ့တာကြာတဲ့နေရာတွေမှာ ကိုယ်နံ့ကစွဲနေတတ်ပြီး အနံ့မကောင်းတာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် အဝတ်တွေကို အရည်အသွေးရှိတဲ့ ဆပ်ပြာတွေသုံးပြီး လျှော်သင့်ပါတယ်။
ဆပ်ပြာအတွက် အထူးလျော့စျေးတွေလည်း မာကျူရီမှာရှိနေပါတယ်။
မျက်နှာသုတ်ပုဝါများ
ပုဝါတွေကို ပုံမှန်လျှော်တတ်ကြပါလိမ့်မယ်။ ဒါပေမဲ့ ဘတ်တီးရီးယားခိုအောင်းပေါက်ဖွားဖို့ နေရာကောင်းဖြစ်တဲ့အတွက် လျှော်တိုင်းလည်း အမြဲသုံးလို့မကောင်းဘဲ နှစ်နှစ်လောက်ဆိုရင် ပြောင်းလဲသုံးသင့်ပြီဖြစ်ပါတယ်။
မီးကြိုး၊ ပလပ်ခေါင်းနှင့် ပလပ်ခုံများ
အဲ့သည့်အရာတွေကို ဝယ်ယူရင် ဘူးခွံမှာ ကုန်ဆုံးရက်ပါတယ်ဆိုတာ သတိထားမိပါသလား။ ကြာရှည်မလဲလှယ်ဘဲသုံးတဲ့ လျှပ်စစ်ပစ္စည်းတွေကြောင့် မီးအန္တရာယ်ဖြစ်တတ်ပါတယ်။ ငါးနှစ်လောက်သုံးပြီးတော့ မစစ်ဆေးဘဲထားထားတဲ့ မီးကြိုးနဲ့ ပလပ်ခုံတွေရှိနေရင် ပြန်လည်စစ်ဆေးဖို့ သတိပေးလိုက်ပါတယ်။
မီးသတ်ဆေးဘူးများ
မီးသတ်ဆေးဘူးတွေက အိမ်နံရံမှာ အလှဆင်ထားတာမဟုတ်ဘဲ လိုအပ်ရင် လိုအပ်သလိုသုံးကြဖို့အတွက် ရည်ရွယ်ထားတယ်ဆိုတော့ ၁၅ နှစ်ကို တစ်ကြိမ်လဲလှယ်ပေးဖို့လိုပါတယ်။
အစွန်းချွတ်ဆေး၊ ကြွေချေးချွတ်ဆေး
အိမ်မှာသုံးနေတဲ့ အစွန်းချွတ်ကြွေဆေးတွေက အချိန်ကြာလာရင် အာနိသင်ပြယ်လာတာကို သတိထားမိပါသလား။ သူတို့တွေရဲ့ သက်တမ်းက ဖွင့်ပြီး သုံးလဆိုတာကို သတိမပြုမိလို့ဖြစ်ပါလိမ့်မယ်။
ခေါင်းအုံးများ
ခေါင်းအုံးတွေက နှစ်နှစ်ဆိုရင်လည်ပင်းအတွက် အဆင်ပြေသေးရဲ့လား။ မဟုတ်ရင်လည်း အနံ့အသက်နဲ့ ဦးရေပြားကအဆီတွေကြောင့် လဲပေးရမဲ့ ပစ္စည်းပဲဖြစ်ပါတယ်။
ပုလဲ
ပုလဲလို တန်ဖိုးကြီးတဲ့ ရတနာက သက်တမ်းရှိတယ်ဆိုတာကောသိပါသလား။ ပုလဲက အခြားရတနာတွေလို မြေကြီးထဲမှာနှစ်ကြာရှည်ပြီး တည်ဆောက်ထားတဲ့ ကျောက်သားမဟုတ်ဘဲ ကမာကောင်တွေဆီက ရလာတာဖြစ်လို့ ၂၅ နှစ်ပဲခံတယ်လို့ ဆိုပါတယ်။ ပုလဲဟာကြာလာရင် အသားကြွေမယ်။ အရောင်ကွက်မယ်ဖြစ်လာတာက သဘာဝပဲဖြစ်ပါတယ်။