ဆောင်းဝင်တော့မယ်ဆိုရင် ပျိုမေတို့ကြိုပြင်ထားသင့်တဲ့ အလှအပရေးရာများ
ပျိုမေတို့ရေ ဆောင်းရာသီဝင်တော့မယ်ဆိုတော့ အသားအရေကိုပုံစံတစ်မျိုးပြန်လည်ထိန်းသိမ်းဖို့အချိန်ရောက်လာပြီဖြစ်ပါတယ်။ အရင်နှစ်တွေမှာ ဆောင်းဝင်ပြီဆိုရင် နှုတ်ခမ်းကွဲတတ်သူလား၊ အသားပတ်ပြီး ယားယံတာတွေကြုံနေကျပဲလား။ ဒီနှစ်ဆောင်းအဝင်မှာတော့ အသားအရေနဲ့ပတ်သတ်ပြီး ပြဿနာတွေမရှိရအောင် Mercury Beauty Advisor ပြောထားတဲ့အချက်လေးတွေကိုဆောင်ရွက်လို့ရတယ်နော်။
• နှုတ်ခမ်းသားများကို အစိုဓါတ်ပြည့်အောင်ထိန်းသိမ်းခြင်း
• ရေဓါတ်များတဲ့ Skincare ကိုပြောင်းလဲသုံးစွဲခြင်း
• ရေပူနဲ့ရေချိုးရင် အပူချိန်ကိုလျော့ခြင်း၊
• Bathtub ထဲကို ဆီတစ်မျိုးမျိုးထည့်ပြီး ရေစိမ်ခြင်း
• Skincare ကိုအဆင့်ဆင့်ပြန်အသုံးပြုခြင်း
• ညဖက်တွေမှာ Night cream ကောင်းကောင်းအသုံးပြုခြင်း
• Moisturizer ကိုအချိန်မှန်အသုံးပြုခြင်း
• Humidifier အသုံးပြုခြင်း
• မိတ်ကပ်ဖောင်ဒေးရှင်းကို Matte အစားအခြား အစိုဓါတ်ပါတာကိုအသုံးပြုခြင်း တွေပဲဖြစ်ပါတယ်။
ဆောင်းရာသီအထိ ဝက်ခြံတွေကိုဆက်မသယ်သွားချင်သူတွေအတွက်ကတော့ အသားဖြူတဲ့ဓါတ်ပါတဲ့ ပါဝင်ပစ္စည်းတွေအပြင် Silicone ပါတဲ့အလှကုန်တွေကိုရှောင်သုံးသင့်ပါတယ်။ လက်သည်းတွေကျွတ်ဆတ်တာ၊ ဆံပင်တွေခြောက်သွေ့လာတာတွေအတွက်ကတော့ Vitamin-E ကြွယ်ဝတဲ့အစားအစာတွေ၊ အဆီဓါတ်ဖြည့်ပေးတဲ့အုန်းဆီ၊ သံလွင်ဆီ၊ ထောပတ်သီးတွေကိုစားပေးဖို့အကြံပြုလိုက်ပါတယ်နော်။
We use cookies to improve your Shopping Experience and tailoring "Recommended for You" section. For more information, please visit mercury.shopping for our privacy policy. By clicking 'Ok, I Understood', you are giving consent to our cookies agreement. Thank you.