အသားအရေစိုပြေစေဖို့ ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ...

အသားအရေစိုပြေစေဖို့ ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ...

ဖက်ရှင်နှင့်မိတ်ကပ် (Fashion & Makeup)

အသားအရေစိုပြေစေဖို့ ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ...

ဒီဇင်ဘာဆိုရင် ဆောင်းလေအေးတွေတိုက်ချိန်ပေါ့။ အေးမြခြောက်သွေ့တဲ့ ဒီလိုကာလမှာ အသားအရေက ပိုပျက်စီးတတ်တဲ့အတွက်ကြောင့် အသားအရေခြောက်ရတဲ့အကြောင်းအရင်းနဲ့ ဆောင်ရန်၊ရှောင်ရန်လေးတွေကို မျှဝေပေးလိုပါတယ်။

လူတိုင်းမှာ မတူညီတဲ့အသားအရေကို ပိုင်ဆိုင်ထားကြပေမဲ့ ယေဘုယျအားဖြင့်တော့ ပုံမှန်အသားအရေ၊ အသားခြောက်တတ်သူ၊ အဆီပြန်တတ်သူ နဲ့ရောစပ်အသားအရေဆိုပြီး ခွဲခြားလို့ရပါတယ်။ ဒီဇင်ဘာလို ဆောင်းကာလတွေမှာတော့ အသားခြောက်ခြင်း၊ အက်ကွဲခြင်းကို အနည်းနဲ့အများရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။

ဆောင်းရာသီမှာဘာကြောင့် အသားခြောက်ရတာလဲ။

ရေဓါတ်တွေကို လေအေးကဖယ်ပေးသလို ချွေးပေါက်တွေကလည်း အလုပ်မလုပ်နိုင်တဲ့အချိန်မှာ အစိုဓါတ်၊ အဆီဓါတ်ကိုလုံလောက်စွာမထုတ်ပေးနိုင်တော့ဘဲ အသားခြောက်ရတာဖြစ်ပါတယ်။

ဘာကြောင့်ဘဲ အသားခြောက်ခြောက် ဒါလေးတွေ ရှောင်နော်။

နေပူထဲကို အကာအကွယ်မပါဘဲ မသွားပါနဲ့

ရေနွေးပူပူနဲ့ ရေချိုးတာကိုရှောင်ပါ

ဆပ်ပြာအပြင်းနဲ့ ရနံ့ပြင်းတဲ့အလှကုန်တွေကို ရှောင်ပေးပါ

အသားတွေပတ်နေချိန်မှာ Scrub မသုံးပါနဲ့

နိုင်လွန်နဲ့ အသားကိုယားယံစေတဲ့အဝတ်ကို မဝတ်ရပါဘူး

အသားဖြူဆေးပါတဲ့ အလှကုန်တွေကိုလည်း

 ရှောင်ရမှာဖြစ်ပါတယ်။

အသားပတ်တာ၊ အသားခြောက်သွေ့မှုကြောင့် ယားယံတာတွေဖြစ်တတ်တယ်ဆိုရင်တော့

ရေမပူလွန်း၊ မအေးလွန်းတာနဲ့ ချိုးပါ။

အစိုဓါတ်ထိန်း Lotion ထဲကို အလှဆီ၊ အုန်းဆီ၊ သံလွင်ဆီ ရောလိမ်းလို့ရပါတယ်။

https://mercury.shopping/search?q=lotion

ထောပတ်သီး၊ အုန်းဆီ၊ သံလွင်ဆီ စတဲ့ အဆီဓါတ်ပါတအစားအစာတွေကို စားပေးပါ။

Vitamin-C ပါတဲ့အစားအသောက်တွေစားပါ။

ချွေးထွက်စေဖို့ မနက်ခင်းနေရောင်ခြည်မှာကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါ။

နွေးထွေးတဲ့အဝတ်အစားတွေ ဝတ်ပေးပါ။

အသားအရေနာကျင်အက်ကွဲမှုမရှိတော့ Scrub သုံးသင့်ပါတယ်နော်။