ဒီဇင်ဘာမှာ မွေးဖွားသူတွေအတွက် မွေးနေ့လက်ဆောင်ကောင်းလေးများ….

ဒီဇင်ဘာမှာ မွေးဖွားသူတွေအတွက် မွေးနေ့လက်ဆောင်ကောင်းလေးများ….

လူမှုဘဝနေထိုင်မှုပုံစံ (Lifestyle)

ဒီဇင်ဘာမှာ မွေးဖွားသူတွေအတွက် မွေးနေ့လက်ဆောင်ကောင်းလေးများ….

မွေးနေ့လက်ဆောင်တွေဆိုတာ ကတယ်လည်းအသုံးဝင်ပြီး အမှတ်တရနဲ့ အသုံးတည့်သင့်တယ်မဟုတ်လား။ အခုလို ဒီဇင်ဘာမှာမွေးတဲ့ သူတွေအတွက်ကတော့ နွေးထွေးတဲ့မွေးနေ့လက်ဆောင်လေးတွေက သူတို့အတွက်အသင့်တော်ဆုံးဖြစ်မှာပါ။

ပူနွေးတဲ့ ချောကလက်ကိတ်မွေးနေ့လက်ဆောင်
ချိုချိုခါးခါးနဲ့ ခန္ဓာကိုယ်ကို အာဟာရနဲ့ အတိပေးတဲ့ ချောကလက်မွေးနေ့ကိတ်လေးက အကောင်းဆုံးမွေးနေ့လက်ဆောင်လေးဖြစ်မှာပါ။

ဆောင်းရာသီဖက်ရှင်လက်ဆောင်များ
ဖိနပ်၊ အင်္ကျီ၊ အနွေးထည်လှလှလေးတွေကို ရာသီကိုက်လက်ဆောင်ပေးလို့အကောင်းဆုံးပါပဲ။ နွေးထွေးတဲ့ မာဖလာတစ်ထည်က ခန္ဓာကိုယ်သာမက နှလုံးသားကိုနွေးထွေးစေဖို့ကူညီပေးမှာဖြစ်ပါတယ်။

ဖုန်းကာဗာ
ရာသီအကူးအပြောင်း၊ အငွေ့အသက်အကူးအပြောင်းမှာ လက်ထဲမှာအမြဲထားတဲ့ ဖုန်းလေးကိုလည်းအပြောင်းအလဲလုပ်လိုကြမှာပါ။ ဖုနး်တစ်လုံးဝယ်ပြီး လက်ဆောင်မပေးဖြစ်သေးရင်လည်း ဖုန်းကာဗာလေးကိုတော့ လက်ဆောင်ပေးလို့ရပါတယ်နော်။

ဆင်တူ Key Chain လေးများ
ဒီဇင်ဘာ ခရစ်စမတ်မှာ လူတွေစုံချိန်ဖြစ်လို့ မွေးနေ့ရှင်ပြန်ပြီးမျှဝေလို့ ကောင်းတဲ့ Key Chain လှလှလေးတွေကိုလက်ဆောက်ပေးလို့ရပါတယ်။

ရုပ်ရှင်လက်မှတ် သို့မဟုတ် Premium Subscription
ပိတ်ရက်တွေများတဲ့ ခရစ်စမတ်မှာအတူတူအပြင်သွားရင်း ရုပ်ရှင်ကြည့်ကြတာကလည်း ကောင်းမွန်တဲ့မွေးနေ့လက်ဆောင်ပဲဖြစ်ပါတယ်။ အပြင်မသွားချင်လို့ အိမ်မှာအနေများချင်တဲ့သူတွေအတွက်တော့ YouTube, Netflix တို့ကိုစိတ်တိုင်းကျကြည့်လို့ရအောင် လက်ဆောင်ဝယ်ပေးလို့ရပါသေးတယ်။ ဒီဇင်ဘာလို့ ပရိုမိုးရှင်း တွေကာလမှာဆိုတော့ တစ်နှစ်စာကြေးကလည်း စျေးသက်သာမှာဖြစ်ပါတယ်။

စားပွဲတင်အလှ ပစ္စည်းလေးများ
ဒီဇင်ဘာပြီးရင်တော့ နှစ်သစ်ကိုကြိုကြမှာမို့ အလုပ်မှာလည်း စိတ်သစ်၊ လူသစ်၊ ရည်မှန်းချက်အသစ်တွေဖြစ်စေဖို့ အတွက် စားပွဲတင် အရုပ်၊ နာရီ၊ ပြက္ကဒိန်နဲ့ ဓါတ်ပုံမှန်‌ဘောင်လှလှလေးတွေကို လက်ဆောင်ပေးလို့ရပါသေးတယ်။
အားလုံးပဲ Sweet December ပါလို့ ဆုဆောင်းပေးလိုက်ပါတယ်။