ဂျိုင်းချွေးထွက်များတာဘာကြောင့်လဲ???
အပူပိုင်းဒေသတွေမှာ အနေများတဲ့သူတွေကြုံတွေ့ရတဲ့ပြဿနာကကတော့ ချွေးထွက်များတဲ့ပြဿနာပဲဖြစ်ပါတယ်။ အချို့တွေမှာတော့ ချွေးကအနံ့ရှိတတ်တော့ လူကြားထဲမှာ မျက်နှာပျက်စရာဖြစ်တတ်ကြပါသေးတယ်။
ကိုယ်ဟာချွေးနံ့ ရှိသူလားမရှိသူလားဆိုတာကို နဖာချေးအမျိုးအစားနဲ့ခွဲခြားလို့ရပါတယ်။ Earwax ကအစိုအပျော့ဆိုရင် ဂျိုင်းချွေးထွက်များတဲ့ပြဿနာဖြစ်တတ်ပြီး Earwax ကမာတယ်၊ အရမ်းမပျော့ဘူးဆိုရင်တော့ ကိုယ်နံ့နည်းတယ်လို့ လေ့လာသူတွေကဆိုပါတယ်။ သင်ကော ဘယ်ထဲမှာပါဝင်နေပါသလဲ။ အစားအသောက်အနေအထိုင် ဆိုတာထက် ချွေးထွက်များတဲ့သူက သီးသန့်လူအမျိုးအစားပဲဖြစ်ပါတယ်။ ကံကောင်းတဲ့သူတွေက ဂျိုင်းနံ့ထိန်းဆေးဆိုတာကို သုံးစရာမလိုပေမဲ့ သုံးဖို့လိုအပ်တဲ့သူတွေအတွက် ဒီဆောင်းပါးလေးကအထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။
၁။ ချွေးထွက်များသူတွေက ဂျိုင်းကအမွေးအမျှင်ကို ပုံမှန်ရှင်းပေးဖို့လိုအပ်ပါတယ်။ ဒါမှဘတ်တီးရီးယားဖောက်ဖွားတာကို ထိန်းပေးပြီး အနံ့ကို ထိန်းပေးမှာဖြစ်ပါတယ်။
၂။ သံပုရာသီးနဲ့ ချိုင်းကို ပေါင်းတင်ကြည့်ပါ။ သံပုရာကွင်းလေးတွေကို ဂျိုင်းသားမှာ ညအိပ်ခါနီးကပ်ပေးတာ၊ သံပုရာရည်ကို လိမ်းပေးတာက အနံအသက်တွေကို သက်သာစေရုံမက ဂျိုင်းအသားအရေကို ဖြူလာစေမှာဖြစ်ပါတယ်။
၃။ ဆီလိမ်းပါ။ ဆီလိမ်းရင် အမွှေးတွေထူလာမလားလို့ တွေးနေတာလား၊ chemical တွေအသုံးများလို့ ညိုမှောင်ပြီး အသားအရေမှာကြာဆူးတွေဖြစ်နေရင်တော့ အုန်းဆီ၊သံလွင်ဆီကို လိမ်းပေးသင့်နေပြီဖြစ်ပါတယ်။ အုန်းဆီကတော့ညဖက်တွေမှာ လိမ်းပေးရင် အနံ့ပါထိမ်းပေးနိုင်ပါသေးတယ်။
၄။ အသားဖြူတဲ့ အာနိသင်ပါတာတွေကို ရှောင်သုံးပါ။ အမြန်ခြောက်စေတဲ့ ပစ္စည်းမျိုးတွေလည်းရှောင်သင့်ပါတယ်။
၅။ အဝတ်မှာအနံ့စွဲသွားပြီဆိုရင် ဆက်မဝတ်ပါနဲ့တော့။ အပြင်သွားလို့ ထွက်တဲ့ချွေးမှာပါတဲ့ လူရဲ့အဆီက အင်္ကျီမှာ ဖျောက်လို့မရဘဲ စွဲနေတတ်ပါတယ်။
၆။ ချွေးနံ့ကို တိုက်ရိုက်ပြောင်းစေတဲ့ အစားအစာပြင်းပြင်းတွေကိုရှောင်ကျဉ်ရပါမည်။ အစားအသောက်ကနေပြီး ကိုယ်နံ့ပြောင်းစေတယ်ဆိုတာကို သင်သိပြီးပြီလား။ ဂျပန်မှာတော့ အမျိုးသမီးလေးတွေက ချွေးနံ့ကောင်းအောင် သောက်တဲ့ဆေးတွေ သုံးကြပါတယ်တဲ့။
၇။ ချွေးနံ့ထိန်းဆေးသုံးပေးပါ။
၈။ ရေများများသောက်ပေးပါ။ ရုံးပိတ်ရက်တွေမှာ Detox သောက်ပေးခြင်းကလည်း ခန္ဓာကိုယ်အတွင်းထိ သန့်စင်ပေးမှာဖြစ်လို့ ချွေးထွက်များသူတွေအတွက် အထူးသင့်လျော်ပါတယ်။
၉။ချွေးထွက်ပါစေ။ လေ့ကျင့်ခန်းလုပ်ပေးပြီး ခန္ဓာကိုယ်ရဲ့အခြားအစိတ်အပိုင်းတွေကိုလည်း မျှမျှတတ ချွေးထွက်ခွင့်ပေးလိုက်တာက ကိုယ်ရနံ့ပြင်းတာကိုလျော့ချပေးပြီး ဝက်ခြံတွေ၊ ဆံပင်ကျွတ်တာတွေကိုပါ သက်သာစေမှာဖြစ်ပါတယ်။
Personal Grooming ကိုဦးစားပေးလာကြတဲ့ကာလမှာ ချွေးထွက်များလို့ဆိုတာက အကြောင်းပြချက်ပေးလို့ရတဲ့အရာမဟုတ်ဘဲ ကိုယ်တိုင်ပြုပြင်ရမယ့်အရာပဲဖြစ်ပါတယ်။ ဒီလိုကိစ္စနဲ့စိတ်အနှောင့်အယှတ်ဖြစ်နေတဲ့ မိတ်ဆွေတွေကို မျှဝေပေးလိုက်ပါဦးနော်။