ကိုဗစ်ဖြစ်ထားခါစ လုပ်ဆောင်သင့်သည်များ
ကိုဗစ်ပိုး အကူးစက်ခံရပြီး ပြင်းပြင်းထန်ထန် ဖျားနာခြင်းမရှိသူတွေမှာလည်း ပြန်လည်ကောင်းလာဖို့အတွက် ၂ ပါတ်အချိန်ယူရပါတယ်။ အကယ်၍ သင်ဟာ အကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာတဲ့သူတစ်ယောက်ဆိုရင်တော့ ဒီအချက်လေးတွေကို လုပ်ကြည့်ဖို့လိုအပ်ပါတယ်။
သိကြတဲ့အတိုင်း Coronavirus ဆိုတာက ဆိုးရွားပြီး ခန္ဓာကိုယ်ကို နောက်ဆက်တွဲထိခိုက်မှုတွေ ဖြစ်စေနိုင်တဲ့အရာဖြစ်ပါတယ်။ ထိခိုက်သူတွေက အသက်ရှူလမ်းကြောင်းကို ပျက်စီးမှုကို အနည်းနဲ့အများခံစားကြရပါတယ်။ ကူးစက်ခံရလို့ အပြင်းအထန်မခံစားရသူတွေမှာတောင် ကိုယ်ခံအင်အားနည်းပြီး ပင်ပန်းတာကတော့ သဘာဝလိုပါပဲ။
ဒါကြောင့် ရောဂါကူးစက်ခံရပြီးလို့ သက်သာသွားချိန်မှာတော့ ကိုယ့်ကိုယ်ကို ဂရုတစိုက်နဲ့စောင့်ရှောက်ဖို့က လိုအပ်ပါတယ်။
၁။ အနားယူပါ
နေကောင်းပြီဆိုတာနဲ့ ပုံမှန်အတိုင်းအလုပ်လုပ်တာ၊ စိတ်ဖိစီးတာမျိုးကိုရှောင်ပြီး ၇ ရက်သီးသန့်နေကာ ကိုယ့်ကိုယ်ကို အားဖြည့်ပေးဖို့လိုအပ်ပါတယ်။ အနားယူပြီး အားအင်တွေကိုပြန်လည်ဖြည့်စည်းပါ။ လုံလောက်စွာအိပ်စက်ခြင်းက အားမြန်မြန်ပြန်မွေးနိုင်တဲ့ အကောင်းဆုံးနေထိုင်မှုပဲဖြစ်ပါတယ်။
၂။ အာဟာရရှိတာကို စားပါ။
အားပြည့်ကျန်းမာလာဖို့အတွက် အစားအစာကလည်း အရေးကြိးပါတယ်။ မှန်ကန်တဲ့အစားအသောက်ကသာ အားအင်တွေပြန်ရလာဖို့အတွက် အထောက်အကူပေးမှာဖြစ်ပါတယ်။ အစာစားတဲ့အခါ အသား၊ ပဲ၊ ကြက်ဥ၊ ကြက်သားပြုတ်ရည်တွေကို နေကောင်းသည့်တိုင်အောင် စားဖို့လိုအပ်ပါတယ်။ ရေလည်း များများသောက်ဖို့လိုအပ်ပါတယ်။
၃။ လှုပ်ရှားမှုအနည်းငယ်လုပ်ပေးပါ။
အားမွေးတဲ့အခါ အိပ်ရာပေါ် မှာပဲ နေနေတာထက် သွေးတွင်းအောက်စီဂျင်ကောင်းစွာရဖို့နဲ့ သွေးလည်ပတ်ဖို့ နည်းနည်းလှုပ်ရှားပေးဖို့လိုပါတယ်။ ဒီလိုမှသာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ အထောက်အကူပြုမှာဖြစ်ပါတယ်။ လှုပ်ရှားတဲ့အခါ ခန္ဓာကိုယ်က ပျော်ရွှင်တဲ့ ဟော်မုန်းတွေထွက်လာပါလိမ့်မယ်။ တစ်နေ့ ၁၀ မိနစ်တာ လမ်းလျှောက်တာ၊ အကြောလျော့တာတွေကို လုပ်ပေးလို့ရပါတယ်။
မှတ်ဉာဏ်ဆိုင်ရာ ကစားနည်းတွေကို ဆော့ကစားကြည့်ပါ။
ကိုဗစ်ဟာ အသက်ရှူလမ်းကြောင်းကိုပဲ ထိခိုက်စေတာမဟုတ်ပါဘူး။ ဦးနောက်နဲ့ မှတ်ဉာဏ်ကိုပါ ထိခိုက်စေလို့ မှတ်ဉာဏ်ထိခိုက်တာ၊ မေ့လွယ်တာကို ခံစားရလေ့ရှိလို့ sudoku, mathdoku, crossword, jigsaw ဆော့ပေးခြင်းက အနားယူချိန်မှာ အချိန်ကုန်မြန်စေသလို ဦးနောက်ကိုလည်း ပြန်ကျင့်ပြီးသားဖြစ်စေမှာပါ။
သွေးတွင်းအောက်စီဂျင်ကို တိုင်းတာပါ။
နေကောင်းသွားပြီဆိုပေမယ့်လည်း သွေးတွင်းအောက်စီဂျင်ကို တိုင်းတာနေဖို့လိုအပ်ပါတယ်။ သက်သာလာပေမဲ့ ကိုယ်မသိနိုင်တဲ့ နေရာတွေမှာ ထိခိုက်မှုတွေရှိနိုင်တာမို့ အောက်စီဂျင်ကိုတိုင်းတာပေးပြီး အတက်အကျမငြိမ်သေးရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုအပ်ပါတယ်။
ခန္ဓာကိုယ်မှာအခြားဘာလက္ခဏာတွေဖြစ်နေလဲဆိုတာ ကြည့်ကြည့်ပါ။
ကိုဗစ်ဟာ ကျန်းမာရေးကို ရေရှည်သက်ရောက်မှုဖြစ်စေတတ်ပါတယ်။ ဒါကြောင့် သတိနဲ့ အသက်ရှူရပ်ရပ်နေလား၊ ရင်ဘတ်ထဲမှာတင်းကြပ်နေလား စသည်ဖြင့် သတိထားပြီး ထူးခြားတာနဲ့ ကုသသင့်ပါတယ်။
ရေနွေးငွေ့ရှူပေးပါ။
ရေနွေးငွေ့ရှူပေးတာကို နေကောင်းသွားပြီးလည်း အသက်ရှူလမ်းကြောင်းအတွက် အိမ်တွင်းကုသမှုအနေနဲ့ ဆက်ပြီးလုပ်ဆောင်သင့်ပါတယ်။ ကိုဗစ်ကြောင့် အသက်ရှူရတာအခက်အခဲရှိနေဆဲသူတွေအတွက် အသုံးဝင်စေပါတယ်။
အားဆေးသောက်ပါ။
ကိုဗစ်က ခန္ဓာကိုယ်ခုခံအားကို အများကြီးထိခိုက်သွားစေတာဖြစ်ပါတယ်။ ကိုဗစ်ဖြစ်ပြီးသူတွေမှာ ကိုယ်ခံအားမကောင်းတော့လို့ နေမကောင်းဖြစ်ကြသူတွေများတော့ နေကောင်းစမှာ အားဆေးသောက်ဖို့လိုပါလိမ့်မယ်။
ရေဓါတ်ပြည့်ဝအောင်နေပါ။
ကိုဗစ်ဖြစ်ပြီးသူတွေမှာ electrolytic imbalance ဖြစ်တဲ့အတွက် ရေကို ၂ လီတာအနည်းဆုံးသောက်ပေးဖို့လိုအပ်ပါတယ်။
အဆုတ်လေ့ကျင့်ခန်းလုပ်ပါ။
အသက်ရှူလေ့ကျင့်ခန်းကို မဖြစ်မနေလုပ်ပေးပြီး ကာလတလျှောက်ကြံ့ကြံ့ခံနိုင်ထားတဲ့ အဆုတ်ကိုပြန်ကောင်းအောင်လို့ ပြုစုပေးရမှာဖြစ်ပါတယ်။ ပူပေါင်းမှုတ်တာ၊ ဖယောင်းတိုင်မှုတ်တာ စသည်ဖြင့် ကျင့်လို့ရပါတယ်။