5 Birthday Present Ideas for August Born

5 Birthday Present Ideas for August Born

လူမှုဘဝနေထိုင်မှုပုံစံ (Lifestyle)

စိတ်ထားရှင်းရှင်းနဲ့ ရက်ရောတတ်တဲ့ August လမှာမွေးဖွားတဲ့သူတွေက ဉာဏ်ကောင်းတယ်၊ သီးသန့်ကွဲပြားပြီးတော့ ဦးဆောင်နိုင်စွမ်းရှိသူတွေဖြစ်ပါတယ်။ August လမှာမွေးဖွားတဲ့ မိမိချစ်ခင်ရသူတွေအတွက် လက်ဆောင်ပေးလိုသူတွေအတွက် သူတို့သဘောကျနှစ်သက်မဲ့ ပစ္စည်းလေးတွေကို ညွန်းပေးပါမယ်နော်။


မမေ့ဖို့ကတော့ ချစ်ခင်တဲ့အကြောင်းရေးထားတဲ့ ကတ်လေးထည့်ပေးဖို့ပါပဲ။


၁။ အလွယ်တကူ သယ်ရွေ့လို့ရတဲ့ Laptop တင်တဲ့ခုံ
ခုံလေးကိုသာပေးလိုက်ရင် အိပ်ယာပေါ်ခုံတင်ပြီး အမြဲတမ်းသုံးနေမဲ့သူတွေပါနော်။


၂။ ရေမွှေး
အမြဲတောက်ပအောင်နေတဲ့သူတို့အတွက် ရေမွှေးကောင်းကောင်းတစ်ဘူးလက်ဆောင်ပေးတာကလည်း နေ့တိုင်းအမှတ်ရနေမဲ့လက်ဆောင်ဖြစ်ပါတယ်။ ရေမွှေးများကြည့်ရန်နှိပ်ပါ။


၃။ လက်သည်းညှပ်နဲ့ မုတ်ဆိတ်ရိတ်တံ
သူတို့ဟာ မပြတ်မွမ်းမံပြင်ဆင်ရတာကိုနှစ်သက်တာမို့ သတ္တုကောင်းကောင်း ဒီဇိုင်းဆန်းဆန်းလုပ်ထားတဲ့ လက်သည်းညှပ်နဲ့ မုတ်ဆိတ်ရိတ်ပစ္စည်းတွေကို သေချာသုံးမဲ့သူတွေပါ။


၄။ ဖုန်းနဲ့ Talab တင်ခုံ
စိတ်မြန်ပြီးတော့ အာရုံစူးစိုက်တတ်တဲ့သူတွေမို့ ဖုန်းကိုအကြာကြီးကိုင်ထားတာ၊ စာတွေအကြာကြီးဖတ်တာမျိုးတွေလုပ်လေ့ရှိကြပါတယ်။ ဖုန်းတင်ဖို့ Stand ကောင်းကောင်းလေးပေးတာကိုလည်း သူတို့က ကျေးဇူးတင်ပြီး သိပ်ကြိုက်ကြမှာပါ။


၅။ လည်ဆွဲ
ခေတ်ဆန်တဲ့ လည်ဆွဲလှလှလေးတွေကိုလည်း လက်ဆောင်ပေးလို့ရပါတယ်။ တန်ဖိုးထားတတ်ကြတဲ့အပြင် တကယ်ခဏခဏ ဆွဲပြီး သဘောကျနေမှာပါ။