ကလေးတွေ အသက်အရွယ်အလိုက် တတ်မြောက်သင့်တဲ့ အိမ်မှုကိစ္စများ
မေမေတို့ရေ ကလေးတွေကို အနိမ့်ဆုံးရည်မှန်းချက်အနေနဲ့ ကိုယ့်ခြေထောက်ပေါ်ကို ကိုယ့်ဘာသာရပ်တည်နိုင်ဖို့ကိုတော့ မျှော်မှန်းကြမယ်လို့ထင်ပါတယ်။ အဲ့သည့်ထဲမှာမှ အိမ်မှုကိစ္စဆိုတာကတော့ ယောက်ျားလေးပဲဖြစ်စေ၊ မိန်းကလေးပဲဖြစ်စေ ငယ်စဉ်တည်းက မိဘတွေကလေ့ကျင့်သင်ကြားပေးမှ အသက်ကြီးလာရင် တာဝန်ယူပြီးဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ မွေးကင်းစကလေးလေးလို အမြဲတမ်းရင်အုပ်မကွာ ထိန်းသိမ်းဖို့မဖြစ်နိုင်လို့ ငယ်စဉ်တည်းက တနိုင်တပိုင်အလုပ်လေးတွေကိုသင်ယူနိုင်ဖို့ မိဘတွေက သင်ကြားပေးသင့်ပါတယ်။
အသက် ၂-၃ နှစ်ကြား
အရုပ်လေးတွေကို နေရာတကျပြန်ထားမယ် ။
အမှိုက်ကို ပုံးထဲအထိသွားပစ်တယ် ။
အဝတ်တွေကို ဗီဒိုထဲဝိုင်းထည့်ပေးတယ် ။
ကားရေဆေးရင် ဝိုင်းကူဆေးတယ် ။
အသက် ၄-၆ နှစ်ကြား
ငယ်ငယ်တုန်းကအလုပ်တွေကို ဆက်လုပ်တတ်တယ်။
ကိုယ့်အခန်းကိုယ် သန့်ရှင်းရေးလုပ်တယ် ။
အိပ်ယာသိမ်းတယ် ။
ခုံရှင်းတယ် ။
ပန်းကန်တွေ ဆေးတတ်တယ် ။
ခုံသုတ်တတ်တယ် ။
အိမ်မွေးတိရစ္ဆာန်လေးတွေကို အစာဖြည့်၊ရေဖြည့်ပေးတတ်တယ် ။
လျှော်ရမယ့်အဝတ်တွေကို လျှော်မယ့်ထဲ ပေါင်းထည့်တတ်တယ် ။
ရေခဲသေတ္တာထဲကို ပစ္စည်းတွေစီထည့်တတ်တယ် ။
အမှိုက်ပုံးလေးတွေကို သိမ်းတတ်တယ် ။
အပင်ရေလောင်းတတ်တယ် ။
အသက် ၇-၁၀ နှစ်ကြား
ငယ်ငယ်တုန်းကအလုပ်တွေကို ဆက်လုပ်တတ်တယ်။
အဝတ်တွေခေါက်တတ်လာပြီ။
ထမင်းပွဲဝိုင်းပြင်ပေးတယ်။
ရေချိုးခန်းတိုက်ပေးတယ်။
အိမ်သာဆေးတတ်လာတယ်။
ဖုန်သုတ်၊ တံမြတ်စည်းလှည်းတတ်တယ်။
ခွေးကျောင်းပေးတယ်။
ခွေးလေးတွေကို သန့်ရှင်းရေးဝိုင်းလုပ်ပေးတယ်။
ပန်းကန်တွေစီတတ်လာပြီ ။
မေမေတို့လည်း အိမ်မှုကိစ္စတွေကူပေးတဲ့ သားသားမီးမီးလေးတွေနဲ့ဆိုတော့ ပျော်စရာမိသားစုလေးဖြစ်နေပြီ။
အသက် ၁၁-၁၅ နှစ်ကြား
ငယ်ငယ်တုန်းကအလုပ်တွေကို ဆက်လုပ်တတ်တယ်။
အစားအသောက်သူ့ဘာသာပြင်လာတတ်ပြီ။
မိုးတွင်းရေလျှံတာတွေရှိရင် ဝိုင်းကူလုပ်တတ်လာတယ်။
မောင်နှမတွေကို ကူညီတတ်တယ်။
ကိုယ့်အဝတ်အစားကိုယ်လျှော်တယ်။
အခုဆိုရင်တော့ အရွယ်ရောက်လာပြီး သူ့ဘာသာခြေထောက်ပေါ် ရပ်တည်လာနိုင်တဲ့ ကလေးတစ်ယောက်ကို မြင်ရတဲ့အချိန်က မေမေတို့အတွက်ပီတိတွေကိုစတင်ခံစားရမယ့်အချိန်ကောင်းပါပဲ။
အသက် ၁၆ နှစ်အထက်
ငယ်စဉ်က သင်ထားတဲ့ အလုပ်တွေကိုလည်း လုပ်နိုင်နေပြီးတော့ မိဘတွေရဲ့ လက်တိုလက်တောင်းကိစ္စလေးတွေကိုပါ တာဝန်ယူပေးတတ်လာပါပြီ။ အိမ်မှုကိစ္စတွေကိုနားလည်ပြီး လိုအပ်သလိုလုပ်တတ်တဲ့အထိလည်း ရပ်တည်နိုင်နေပြီဖြစ်ပါတယ်။
မေမေတို့ရေ သားသားမီးမီးလေးတွေကို အိမ်မှုကိစ္စတွေသင်ပေးတဲ့အခါ သူတို့စိတ်လေးတွေလည်း မငြိုငြင်ဘဲပျိုးထောင်ဖို့ဆိုတာက ခက်ခဲတဲ့စိန်ခေါ်မှုတစ်ခုပါပဲ။ အဲ့သည့်အတွက်တော့ ဒီအတိုင်း အိမ်မှုတာဝန်လေးတွေကိုသင်ပေးမယ့်အစား မာကျူရီမှာ ကလေးတွေရဲ့ စိတ်ဝင်တစားသင်ယူမှုကို ပျိုးထောင်ပေးတဲ့ ပုံပြင်စာအုပ်နဲ့ ကစားစရာလေးတွေရနေပြီဖြစ်ပါတယ်။ (လင့်ခ်)