စိတ်ပညာရှင်တွေမျှဝေပေးထားတဲ့ ၂၀၂၂နှစ်သစ်မှာကိုယ့်ရဲ့ရည်မှန်းချက်တွေကို အောင်မြင်အောင်လုပ်ပေးနိုင်တဲ့ အချက်များ

စိတ်ပညာရှင်တွေမျှဝေပေးထားတဲ့ ၂၀၂၂နှစ်သစ်မှာကိုယ့်ရဲ့ရည်မှန်းချက်တွေကို အောင်မြင်အောင်လုပ်ပေးနိုင်တဲ့ အချက်များ

လူမှုဘဝနေထိုင်မှုပုံစံ (Lifestyle)

နှစ်သစ်တစ်ခုရောက်လာတာနဲ့ ကိုယ့်ကိုယ်ကိုပြန်လည်သုံးသပ်ပြီးလာမယ့်နှစ်တွေမှာ ဘာတွေကိုဆောင်ရွက် ရမယ်ဆိုတာကို အစီအစဉ်တွေချ ရတဲ့ကာလပဲဖြစ်ပါတယ်။

၂၀၂၂ နှစ်သစ်ဟာ အခြားနှစ်တွေနဲ့ကွဲပြားပါတယ်။ ကမ္ဘာ့ကပ်ဆိုးကို ကျော်ဖြတ်ရတဲ့ သုံးနှစ်မြောက်နှစ်သစ်ဖြစ်နေပြီး အရင်ကတွေးထားတဲ့ နှစ်အလိုက်အစီအစဉ်တွေနဲ့ ကွဲပြားပြီး တမျိုးတမည်ပြန်လည် စတင်ရမယ့်အချိန်ဖြစ်လို့ပါပဲ။

ရည်မှန်းချက်တွေချထားပြီး ရအောင်လုပ်တယ်ဆိုတယ်ဆိုတာလွယ်ကူတဲ့အတွေးဖြစ်ကောင်းဖြစ်ပေမယ့် တကယ်တွေးထားတဲ့ရည်မှန်းချက်နဲ့အလှမ်းဝေးကွာမှုမဖြစ်ရအောင်ကတော့ စိတ်ပိုင်းဆိုင်ရာနည်းနာတွေကို သိထားဖို့လိုအပ်ပါတယ်။

၁။ ရည်မှန်းချက်တွေကို တိတိကျကျသဘောပေါက်ပါစေ

ကိုယ့်ရဲ့အနေအထား၊ ပေးထားချက်တွေနဲ့ ရည်မှန်းချက်က အလှမ်းဝေးနေတာလား၊ ကိုယ်ရောက်နေတဲ့နေရာက ရည်မှန်းချက်ကို ဘယ်လောက်ရာနှုန်းအထိ အောင်မြင်အောင်လုပ်ပေးနိုင်သလဲဆိုတာကိုပြန်ကြည့်တတ်ဖို့ လိုအပ်ပါတယ်။ ရည်မှန်းချက်ဆိုတာက ဆန္ဒနဲ့ထပ်တူမကျတတ်ပါဘူး။

၂။ သဘောပေါက်ထားတဲ့၊ သေချာဖွင့်ဆိုထားတဲ့ ကိုယ့်ရဲ့ရည်မှန်းချက်တွေကို စီမံနိုင်ဖို့ကြိုးစားပါ

တိကျတဲ့ အရှိတရားအပေါ်မှာအခြေခံပြီး ဖွင့်ဆိုထားတဲ့ ရည်မှန်းချက်တွေက အချိန်နဲ့အလိုက် စီမံခန့်ခွဲလို့ရပါတယ်။ ကိုယ့်ရဲ့ ရည်မှန်းချက်က စီမံလို့မရဖြစ်နေရင်တော့ ပြန်စဉ်းစားဖို့လိုအပ်ပါတယ်။

၃။ ဗျူဟာကျကျ ဘယ်လိုမျိုးအတိုင်းအတာအထိသွားမလဲဆိုတာကို စီစဉ်ပါ

တစ်နှစ်ရဲ့ နှစ်အစမှာ ရာထူးတိုးရမယ်ဆိုရင် ရာထူးတိုးဖို့အတွက် လိုအပ်ချက်တွေကဘာဖြစ်မလဲ။ ဘာတွေကို ကျော်ဖြတ်ဖို့လိုမလဲဆိုတာကို ဗျူဟာကျကျတွေးကြည့်ပါ။ လက်ရှိပေးထားချက်တွေကိုကြည့်ပြီး ရလာဒ်က ဘာဖြစ်မလဲဆိုတာကိုတွက်ချက်တတ်ဖို့လိုအပ်ပါတယ်။

၄။ ကိုယ့်ရဲ့ ရည်မှန်းချက်တွေဖြစ်ဖို့က ကိုယ့်ရဲ့တာဝန်ဆိုတာကို သဘောပေါက်ပါ

ရည်မှန်းချက်တွေဖြစ်လာဖို့ မိဘ၊မောင်နှမ၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို ဆွေးနွေးလို့ရပါတယ်။ အကြံဉာဏ်တွေတွေတောင်းလို့ရပါတယ်။ ငွေကြေးအကူအညီယူလိုရပါတယ်။ မမေ့ထားရမှာကတော့ ဘယ်သူကမှ ကိုယ့်ရဲ့ ရည်မှန်းချက်တွေအတွက် တာဝန်ရှိနေတာမဟုတ်ဘဲ ကိုယ်တိုင်မှာပဲ တာဝန်ရှိနေတယ်ဆိုတာကိုမမေ့ပါနဲ့။

၅။ အချိန်တစ်ခုစီမှာ ပြန်လည်သုံးသပ်ပါ

ရည်မှန်းချက်နဲ့ဝေးကွာသွားရတဲ့သူတွေက လမ်းကြောင်းကနေသွေဖယ်သွားပြီး တော်တော်ဝေးဝေး တစ်နေရာရောက်မှသာ အလှမ်းဝေးကြောင်းကိုသတိထားမိတတ်သူတွေဖြစ်နေတတ်ကြပါတယ်။ တစ်နှစ်မှာ သုံးကြိမ်၊ လေးကြိမ်တော့ ကိုယ့်ရဲ့ရောက်နေတဲ့အနေအထားကိုပြန်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။

အထက်ဖော်ပြပါအချက်တွေကတော့ ကမ္ဘာ့ကပ်ရဲ့နောက်ဆုံးနှစ်တစ်ခုဖြစ်တဲ့ ၂၀၂၂ မှာ ရည်မှန်းချက်နဲ့ပန်းတိုင်ကို အသစ်ပြန်စတိုင်းတာနိုင်ဖို့၊ ပြန်လည်သုံးသပ်ဖို့အတွက်လိုအပ်တဲ့ အသုံးဝင်တဲ့အချက်လေးကို မျှဝေပေးတာပဲဖြစ်ပါတယ်။ နှစ်သစ်မှာအရည်အသွေးရှိတာတွေနဲ့စတင်ဖို့ မာကျူရီမှာစေ◌ျးဝယ်ဖို့ မမေ့နဲ့ဦးနော်။