မိန်းကလေးတိုင်းမဖြစ်မနေသိထားရမဲ့ အချက် ၁၀ ချက်
၁။ ကိုယ်ခန္ဓာလှပမှုစံနှုန်းတွေက မတူညီသလို လူတိုင်းကလည်း ထပ်တူမကျပါဘူး။ အလှတရားဆိုတာ အဓိပ္ပာယ်ဖွင့်ဆိုချက်အမျိုးမျိုးရှိပါတယ်။
၂။ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ ပိန်ဖို့အတွက်ထက် ကျန်းမာဖို့၊ ခွန်အားပြည့် ဖြတ်လတ်ဖို့လုပ်ရတာပါ။
၃။ ရေဓါတ်ပြည့်ဝဖို့အရေးအကြီးဆုံးမို့လို့ ရေများများသောက်ပါ။
၄။ လစဥ်ဓမ္မတာနဲ့အတူ စိတ်အတက်အကျတွေရှိနေပေမဲ့ နေ့ရက်တိုင်းကို အကောင်းဆုံးသာဖြတ်သန်းပါ။
၅။ ခန္ဓာကိုယ်အမွေးအမျှင်တွေကို ရိတ်ခြင်း၊ နုတ်ခြင်းဆိုတာ ရွေးချယ်မှုတစ်ခုပါပဲ။ သဘာဝအတိုင်းလည်း အဆင်ပြေပါတယ်။
၆။ အသက်အရွယ်တစ်ခုအထိ ကျန်းမာလှပဖို့အတွက် Screen Time လျော့ဖို့လိုအပ်ပါတယ်။
၇။ တစ်နေ့လုံးစာစွမ်းအင်အတွက် နေ့စဥ်မနက်စာကို စားဖို့မမေ့ပါနဲ့။
၈။ အဝတ်အထည်တွေရဲ့ အရွယ်အစားတွေကို ဥရောပမှာတစ်မျိုး၊ အမေရိကမှာတစ်မျိုး၊ အာရှမှာတစ်မျိုး အသုံးအနှုန်းတွေအခေါ်အဝေါ်တွေကွဲတတ်ကြပါတယ်။ L သို့ XL ဆိုပြီးဖြစ်နေလို့ စိတ်အနှောက်အယှတ်မဖြစ်ဘဲ ကိုယ်နဲ့အဆင်ပြေရင် ဝတ်စရာရှိတာကို ယုံကြည်မှုရှိရှိသာ ဝတ်ပါနော်။
၉။ ဆရာဝန်တွေဆိုတာ အတွင်းကျကျမေးမြန်းလို့ရပေမဲ့ ခံစားချက်တွေ၊ မလိုအပ်တာတွေ မပြောရသလို ကိုယ့်ကို အပြစ်သားလိုဆက်ဆံလာတဲ့ ဆရာဝန်ဆိုရင်လည်း ဆက်မပြလို့ရတယ်နော်။
၁၀။ အနာအဆာဆိုတာ ကိုယ့်ရဲ့ခံယူချက်တစ်ခုပါပဲ။ သင့်ရဲ့ ထူးခြားမှုကို လူတိုင်းက သတိထားစောင့်ကြည့်နေကြမှာမဟုတ်လို့ လွတ်လပ်ပြီး ယုံကြည်မှုရှိစွာရှင်သန်ပါ။
We use cookies to improve your Shopping Experience and tailoring "Recommended for You" section. For more information, please visit mercury.shopping for our privacy policy. By clicking 'Ok, I Understood', you are giving consent to our cookies agreement. Thank you.