နိုဝင်ဘာမှာမွေးသူတွေအတွက် မွေးနေ့လက်ဆောင်များ

နိုဝင်ဘာမှာမွေးသူတွေအတွက် မွေးနေ့လက်ဆောင်များ

လူမှုဘဝနေထိုင်မှုပုံစံ (Lifestyle)

နိုဝင်ဘာမှာမွေးသူတွေအတွက် မွေးနေ့လက်ဆောင်များ (Lifestyle)

နိုဝင်ဘာမှာမွေးတဲ့သူတွေက မြင်လိုက်တာနဲ့ လူမမှားဘဲ ချက်ချင်းမှတ်မိတဲ့ ထူးခြားတဲ့မျက်နှာ၊ ကိုယ်လုံးတွေပိုင်ဆိုင်တတ်ကြတယ်လို့ဆိုပါတယ်။ သင်ကောနိုဝင်ဘာမှာမွေးတာလား။ ဘယ်အစိတ်အပိုင်းတွေက သင့်ရဲ့ထူးခြားချက်လို့ ထင်ပါသလဲ။ စာရေးသူကတော့ နိုဝင်ဘာမှာမွေးတဲ့သူတွေမှာ အရမ်းလှတဲ့အပြုံးတွေရှိတယ်လို့ ထင်ပါတယ်။

မွေးနေ့လက်ဆောင်ပေးမယ်ဆိုရင်တော့ မဖြစ်မနေအတူပေးရမှာက အမှတ်တရဆုတောင်းနဲ့ ချစ်တဲ့အကြောင်းပါပဲ။ ဘီလျံချီတဲ့ လူတွေထဲမှာ ထူးထူးခြားခြားရင်းနှီးခင်မင်ခွင့်ရကြသူတွေမဟုတ်လား။

ဒီလိုအကြောင်းအရာတွေကို ပြောဖို့အတွက် Post card လှလှလေးမှာ ရေးပြီးတော့ပေးပါ။

ရေခွက်

သူတို့စားပွဲမှာတင်ထားတဲ့ခွက်လေးတွေမှာ သင်ပေးလိုက်တဲ့မွေးနေ့လက်ဆောင်ခွက်လှလှလေးကို သူတို့သဘောကျကြမှာဖြစ်ပါတယ်။ ရေနွေးထည့်လို့ အ‌ရောင်ပြောင်းသွားတဲ့ မတ်ခွက်လေးတွေဆိုရင် သူတို့အံ့သြဝမ်းသာကြမှာဖြစ်ပါတယ်။

ကင်းမြှီးကောက်ပုံ လက်ဝတ်ရတနာ

သူတို့ရဲ့ မွေးတဲ့ရာသီခွင်ကို ချစ်တဲ့ နိုဝင်ဘာဖွားတွေအတွက် ရာသီခွင်ကိုယ်စားပြုတဲ့ လက်ဝတ်ရတနာ‌ကိုလက်ဆောင်ပေးတာက သူတို့ကိုပျော်စေမှာဖြစ်ပါတယ်။

Rose Gold

လက်ဝတ်ရတနာကို ရာသီခွင်လက်ဆောင်မပြေးဖြစ်ရင်တော့ Rose Gold နဲ့လုပ်ထားတဲ့ ရတနာပစ္စည်း၊ အသုံးအဆောင်တွေကို လက်ဆောင်ပေးလို့ရပါတယ်။

အနွေးထည်

ဆောင်းရာသီဝင်စအချိန်ဖြစ်တော့ တကယ်လည်းအသုံးဝင်တဲ့ အနွေးထည်၊ ခြုံထည်လှလှလေးတွေကိုလည်း မွေးနေ့လက်ဆောင်ပေးလို့ရပါတယ်။